ဂျင်းကို ဒီတိုင်းပဲစားတာပဲဖြစ်ဖြစ်၊ ဟင်းထဲထည့်ချက်ပြီးစားတာပဲဖြစ်ဖြစ်၊ ပြုတ်သောက်တာပဲဖြစ်ဖြစ် ကြိုက်သလို စားသုံးနိုင်ပါတယ်။ ဒီလို ဂျင်းကို များများစားသုံးပေးခြင်းကြောင့် ရရှိလာမယ့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဂျင်းကို နေ့တိုင်း စားသုံးပေးပါလို့ အကြံပြုပါတယ်။ ဒါဆိုရင် ဘာကြောင့် ဂျင်းကို နေ့တိုင်းစားသုံးပေးသင့်လဲ၊ ဂျင်းကိုစားသုံးပေးခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေရလာမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ကြွက်သားနာကျင်ခြင်းတွေကို လျော့ကျစေတယ်။ သက်သာလာစေတယ်။ Exercise လုပ်တဲ့သူတွေ၊ Gym ဆော့တဲ့သူတွေဆိုရင် ပိုပြီးစားသုံးသင့်တယ်။ မှီဝဲသင့်ပါတယ်။

ဝိတ်ချဖို့ကြိုးစားနေတဲ့သူတွေဆိုရင် ဂျင်းပြုတ်ရည်သောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းစေတယ်၊ ကိုယ်တွင်းအဆိပ်အတောက်တွေလည်း ပြေစေတယ်။ ဝိတ်လည်းကျစေပါတယ်။

နေ့တိုင်း ဂျင်းကိုစားပေးခြင်းက ခေါင်းကိုက်တဲ့ဝေဒနာကို လျော့ကျစေတယ်။ သက်သာစေတယ်။ ဒါကြောင့် ခဏခဏခေါင်းကိုက်တတ်ရင်ပဲဖြစ်ဖြစ်၊ ခေါင်းကိုက်လာရင်ပဲဖြစ်ဖြစ် ဂျင်းကိုစားသုံးပေးနိုင်ပါတယ်။

ဂျင်းကိုစားပေးခြင်းက အစာခြေစနစ် ကောင်းလာစေပါတယ်။ အစာမကြေဖြစ်တတ်တဲ့သူတွေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့သူတွေဆိုရင် ဂျင်းကိုစားပေးပါက သက်သာစေပါတယ်။

ဂျင်းကို နေ့တိုင်းစားပေးရင် ကင်ဆာရောဂါဖြစ်ပွါးမှုနှုန်း နည်းလာစေပါတယ်။ ဂျင်းမစားချင်ရင် ဂျင်းပြုတ်ရည်သောက်လည်း ရတာပါပဲနော်။

ခန္ဓာကိုယ်နီရဲတာ၊ အသားအရေဖူးရောင်တာတွေကိုလည်း သက်သာစေတာကြောင့် ဂျင်းကိုနေ့တိုင်းမှီဝဲသင့်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်။

Source: www. food.ndtv.com