[Unicode]

အရသာရှိတဲ့ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ ဟင်းခတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဆားကတော့ မပါမဖြစ်ပါပဲ။ ဆားမပါတဲ့ဟင်းက အရသာလုံးဝမရှိပါဘူး။ ဒါတင်မကသေးပါဘူး။ အသားငါးတွေကို ကြာရှည်စွာ အထားခံချင်တဲ့အခါ ဆားကို အသုံးပြုကြပါတယ်။

ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်နေဖို့အတွက် ဆားဓာတ် ရရှိဖို့ လိုအပ်သလို ဆား အလွန်အကျွံစားသုံးပါကလည်း အခုဖော်ပြပေးမယ့် ကျန်းမာရေးပြဿနာများ ခံစားရရှိနိုင်ပါတယ်။

ကျောက်ကပ်ပျက်စီးခြင်း

ဆားအလွန်အကျွံစားသုံးမိမယ်ဆိုရင် ကျောက်ကပ်က ပိုလျှံနေတဲ့ ဆားများကို စစ်ထုတ်ပေးဖို့အတွက် ပုံမှန်ထက်ပိုပြီး အလုပ်အလွန်အကျွံလုပ်ရပါတော့မယ်။ ကြာလာတဲ့အခါ ကျောက်ကပ်ပျက်စီးသွားပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေမှာပဲဖြစ်ပါတယ်။

သွေးပေါင်တက်ခြင်း

ဒီဆိုးကျိုးကတော့ အားလုံးသိပြီးသား ဆိုးကျိုးတစ်ချက်ပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ရေအသုံးပြုပြီး ပိုလျှံနေတဲ့ဆားများကို ပျော်ဝင်သွားဖို့အတွက် ကြိုးစားနေရချိန်မှာ သွေးထုထည်ကလည်း ပျစ်သွားပြီး သွေးပေါင်တက်လာပါတော့တယ်။ သွေးကြောကြွက်သားလေးတွေက တဖြည်းဖြည်းထူထဲလာပြီး သန်မာလာကာ သွေးကြောနေရာလွတ်များ ပျောက်ဆုံးသွားတတ်ပါတယ်။ သွေးကြောနေရာလွတ်မရှိတော့လေ သွေးပေါင်ချိန် တရိပ်ရိပ် မြင့်တက်လာလေပဲဖြစ်ပါတယ်။

နှလုံးရောဂါ ခံစားရခြင်း

သွေးပေါင်ချိန်တက်ခြင်းက နှလုံးသွေးကြောလေးတွေကို ပျက်စီးစေမှာပဲဖြစ်ပါတယ်။ ဆား အလွန်အကျွံစားသုံးတဲ့အခါ သွေးကြော ခဲခြင်း၊ သွေးကြောပိတ်ခြင်းမှတဆင့် နှလုံးရောဂါ ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် နှလုံးရောဂါ မခံစားရဖို့အတွက် ဆားအနည်းအကျဉ်းသာ စားသုံးပေးလိုက်ပါ။

ဦးနှောက်ထိခိုက်ခြင်း

သွေးပေါင်တက်ခြင်းက ဦးနှောက်သွေးကြောလေးတွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဦးနှောက်ဆဲလ်များက လုံလောက်တဲ့အောက်စီဂျင်ပမာဏကို မရရှိပါက ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့ခြင်း၊ မှတ်ဉာဏ်ကျဆင်းခြင်းအပြင် ရူးသွပ်ခြင်းအထိတောင် ခံစားရနိုင်ပါတယ်။

ကင်ဆာရောဂါ ခံစားရခြင်း

ဆားအလွန်အကျွံစားသုံးခြင်းကြောင့် ကင်ဆာရောဂါ ခံစားရနိုင်ချေကတော့ အလွန်နည်းပါးပါတယ်။ ဖြစ်နိုင်ချေနည်းတယ်ဆိုပြီး ပေါ့ဆလို့တော့မရပါဘူး။ အငန်ဓာတ်များတဲ့ အစားအစာများ စားသုံးခြင်း၊ ဆား အစားများခြင်းက အစာအိမ်ကင်ဆာ ခံစားရစေပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းရောဂါကိုလည်း ခံစားရနိုင်ပါသေးတယ်။

အရိုးပွရောဂါ ခံစားရခြင်း

အသက်ကြီးလာတာနဲ့အမျှ အရိုးသိပ်သည်းဆ အားနည်းလာပြီး အရိုးပွရောဂါ ခံစားရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အားကစားမလုပ်ခြင်း၊ ဆိုဒါဖျော်ရည်များ သောက်သုံးခြင်း၊ ဆား အလွန်အကျွံစားသုံးခြင်း စတဲ့ တရားခံတွေကြောင့် အရိုးပွရောဂါ ခံစားရတတ်ပါတယ်။ ဆား များများစားသုံးလေ ကယ်လ်ဆီယမ်ဓာတ် နည်းပါးသွားလေဖြစ်ပြီး ကယ်လ်စီယမ်ဓာတ် နည်းပါးခြင်းက အရိုးကျန်းမာရေးအတွက် စိုးရိမ်စရာပဲဖြစ်ပါတယ်။

Source: hhdresearch.org

[Zawgyi]

အရသာ႐ွိတဲ့ ဟင္းလ်ာမ်ား ခ်က္ျပဳတ္ျပင္ဆင္တဲ့အခါ ဟင္းခတ္ပစၥည္းတစ္မ်ိဳးျဖစ္တဲ့ ဆားကေတာ့ မပါမျဖစ္ပါပဲ။ ဆားမပါတဲ့ဟင္းက အရသာလံုးဝမ႐ွိပါဘူး။ ဒါတင္မကေသးပါဘူး။ အသားငါးေတြကို ၾကာ႐ွည္စြာ အထားခံခ်င္တဲ့အခါ ဆားကို အသံုးျပဳၾကပါတယ္။

ခႏၶာကိုယ္က က်န္းမာႀကံ႕ခိုင္ေနဖို႔အတြက္ ဆားဓာတ္ ရ႐ွိဖို႔ လိုအပ္သလို ဆား အလြန္အကြ်ံစားသံုးပါကလည္း အခုေဖာ္ျပေပးမယ့္ က်န္းမာေရးျပႆနာမ်ား ခံစားရ႐ွိႏိုင္ပါတယ္။

ေက်ာက္ကပ္ပ်က္စီးျခင္း

ဆားအလြန္အကြ်ံစားသံုးမိမယ္ဆိုရင္ ေက်ာက္ကပ္က ပိုလွ်ံေနတဲ့ ဆားမ်ားကို စစ္ထုတ္ေပးဖို႔အတြက္ ပံုမွန္ထက္ပိုၿပီး အလုပ္အလြန္အကြ်ံလုပ္ရပါေတာ့မယ္။ ၾကာလာတဲ့အခါ ေက်ာက္ကပ္ပ်က္စီးသြားၿပီး အသက္အႏၱရာယ္ကိုပါ ထိခိုက္ေစမွာပဲျဖစ္ပါတယ္။

ေသြးေပါင္တက္ျခင္း

ဒီဆိုးက်ိဳးကေတာ့ အားလံုးသိၿပီးသား ဆုိးက်ိဳးတစ္ခ်က္ပဲျဖစ္ပါတယ္။ သင့္ခႏၶာကိုယ္က ေရအသံုးျပဳၿပီး ပိုလွ်ံေနတဲ့ဆားမ်ားကို ေပ်ာ္ဝင္သြားဖို႔အတြက္ ႀကိဳးစားေနရခ်ိန္မွာ ေသြးထုထည္ကလည္း ပ်စ္သြားၿပီး ေသြးေပါင္တက္လာပါေတာ့တယ္။ ေသြးေၾကာၾကြက္သားေလးေတြက တျဖည္းျဖည္းထူထဲလာၿပီး သန္မာလာကာ ေသြးေၾကာေနရာလြတ္မ်ား ေပ်ာက္ဆံုးသြားတတ္ပါတယ္။ ေသြးေၾကာေနရာလြတ္မ႐ွိေတာ့ေလ ေသြးေပါင္ခ်ိန္ တရိပ္ရိပ္ ျမင့္တက္လာေလပဲျဖစ္ပါတယ္။

ႏွလံုးေရာဂါ ခံစားရျခင္း

ေသြးေပါင္ခ်ိန္တက္ျခင္းက ႏွလံုးေသြးေၾကာေလးေတြကို ပ်က္စီးေစမွာပဲျဖစ္ပါတယ္။ ဆား အလြန္အကြ်ံစားသံုးတဲ့အခါ ေသြးေၾကာ ခဲျခင္း၊ ေသြးေၾကာပိတ္ျခင္းမွတဆင့္ ႏွလံုးေရာဂါ ခံစားရပါလိမ့္မယ္။ ဒါ့ေၾကာင့္ ႏွလံုးေရာဂါ မခံစားရဖို႔အတြက္ ဆားအနည္းအက်ဥ္းသာ စားသံုးေပးလိုက္ပါ။

ဦးေႏွာက္ထိခိုက္ျခင္း

ေသြးေပါင္တက္ျခင္းက ဦးေႏွာက္ေသြးေၾကာေလးေတြကိုပါ ထိခိုက္ပ်က္စီးေစပါတယ္။ ဦးေႏွာက္ဆဲလ္မ်ားက လံုေလာက္တဲ့ေအာက္စီဂ်င္ပမာဏကို မရ႐ွိပါက ေကာင္းစြာ အလုပ္မလုပ္ႏိုင္ေတာ့ဘဲ အာ႐ံုစူးစိုက္ႏိုင္စြမ္းမ႐ွိေတာ့ျခင္း၊ မွတ္ဥာဏ္က်ဆင္းျခင္းအျပင္ ႐ူးသြပ္ျခင္းအထိေတာင္ ခံစားရႏိုင္ပါတယ္။

ကင္ဆာေရာဂါ ခံစားရျခင္း

ဆားအလြန္အကြ်ံစားသံုးျခင္းေၾကာင့္ ကင္ဆာေရာဂါ ခံစားရႏိုင္ေခ်ကေတာ့ အလြန္နည္းပါးပါတယ္။ ျဖစ္ႏိုင္ေခ်နည္းတယ္ဆိုၿပီး ေပါ့ဆလို႔ေတာ့မရပါဘူး။ အငန္ဓာတ္မ်ားတဲ့ အစားအစာမ်ား စားသံုးျခင္း၊ ဆား အစားမ်ားျခင္းက အစာအိမ္ကင္ဆာ ခံစားရေစပါတယ္။ ဒါ့အျပင္ အဝလြန္ျခင္းေရာဂါကိုလည္း ခံစားရႏိုင္ပါေသးတယ္။

အ႐ိုးပြေရာဂါ ခံစားရျခင္း

အသက္ႀကီးလာတာနဲ႔အမွ် အ႐ိုးသိပ္သည္းဆ အားနည္းလာၿပီး အ႐ိုးပြေရာဂါ ခံစားရတတ္ပါတယ္။ ကိုယ္လက္လႈပ္႐ွားမႈ နည္းပါးျခင္း၊ အားကစားမလုပ္ျခင္း၊ ဆိုဒါေဖ်ာ္ရည္မ်ား ေသာက္သံုးျခင္း၊ ဆား အလြန္အကြ်ံစားသံုးျခင္း စတဲ့ တရားခံေတြေၾကာင့္ အ႐ိုးပြေရာဂါ ခံစားရတတ္ပါတယ္။ ဆား မ်ားမ်ားစားသံုးေလ ကယ္လ္ဆီယမ္ဓာတ္ နည္းပါးသြားေလျဖစ္ၿပီး ကယ္လ္စီယမ္ဓာတ္ နည္းပါးျခင္းက အ႐ိုးက်န္းမာေရးအတြက္ စိုးရိမ္စရာပဲျဖစ္ပါတယ္။

Source: hhdresearch.org