ရုတ်တရပ် ခေါင်းတခြမ်းကိုက် (Migraines) က ခံရခက်ပြီး အများအားဖြင့် ခန္ဓာကိုယ်လိုအပ်သည့် အာဟာရတွေ ချို့တဲ့လို့ ဖြစ်ပါတယ်။
မကြာခဏ ခေါင်းကိုက်တတ်သူတွေကို သုတေသန လုပ်ထားချက်အရ အောက်ဖော်ပြပါ အာဟာရဓာတ်တွေ ချို့တဲ့တာကို တွေ့ရပါတယ်။
- ဗီတာမင် D
- ဗီတာမင် B2
- ဖောလစ်
- Q 10 (a co-enyme)
တို့ဖြစ်ပါတယ်။
အဲ့ဒီအပြင် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နှင့် ဆိုဒီယမ် တို့ ချို့တဲ့ရင်လည်း Migraines ဖြစ်တတ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟိမဝန္တာ ဆား (Himalayan Salt) လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရဲ့ ၄ ပုံ ၁ ပုံ
- သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ဖန်ခွက် 236 ml
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ရေထဲကို သံပုရာရည် နှင့် ဆားတို့ကိုထည့်ပါ။ သေချာ မွှေပါ။ ပျားရည်ထည့်ပြီး ချိုအောင်လုပ်ပါ။ ချဉ်ချဉ်သောက်တတ်ရင်လည်း ပျားရည်မထည့်ပါနဲ့။ ဖျော်ပြီးပြီးချင်းသောက်ပါ။
အကယ်၍ ခေါင်းကိုက်တာ အရမ်းများနေရင် ၁၀ မိနစ် ၁ ခါ ဒီလို လုပ်သောက်ပြီး ၃ ခါလောက်သောက်ပြီးရင် ခေါင်းကိုက် သိသိသာသာ သက်သာသွားပါလိမ့်မယ်။