အရက်တွေအသောက်လွန်ပြီး မနက်အိပ်ရာထရင် ခေါင်းနောက်တာတို့ စိတ်မကြည်တာတို့ဖြစ်တတ်ကြပါတယ်။ အဲလိုအချိန်မျိုးမှာဆို အရမ်းအနေရ ခက်ပြီး ဘာမှစားချင်စိတ်လည်းမရှိတဲ့အတွက် ကြာလာတာနှင့်အမျှ ကျန်းမာရေးကို ထိခိုက်နိုင်စေပါတယ်။ အဲဒီအတွက် အရက်နာကျရင် စားပေးသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။

ငှက်ပျောသီး

ပိုတက်ဆီယမ်ပါဝင်တဲ့ အသီးတွေက အရက်နာကျတာအတွက် အကောင်းဆုံးပါဘဲ။ အရက်များများသောက်ရင် ဆီးခဏခဏသွားပြီး ဆီးထဲမှာ သောက်လိုက်တဲ့ အရက်တွေသာမက ပိုတက်ဆီယမ်ဓာတ်တွေပါ ပါသွားတတ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က အားအင်ကို ဖြစ်စေပြီး သွေးဖိအားကိုကျစေကာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။

သွေးထဲမှာ အောက်စီဂျင်ဓာတ်ပိုများများပါနိုင်အောင်ပြုလုပ်ပေးနိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို သွေးမြန်မြန်ရောက်အောင် ကူညီပေးနိုင်ပါတယ်။

ဂျင်း

အရက်နာကျပြီး မူးဝေ၊ အော့အန်နေရင် ဂျင်းကိုစားပါ။ ဂျင်းကို အခွံခွာ၊ အသေးလေးတွေ စိတ်ပြီး ရေပူထဲထည့်ကာ ဂျင်းရေနွေးကြမ်းသောက်လို့ရပါတယ်။

ကြက်သား စွပ်ပြုတ်

ဘာမှလည်း မစားချင်ဘူး နုံးနေရင် ကြက်သား စွပ်ပြုတ်လေးစားပါ။

ကြက်သားမှာ ဗီတာမင်ဓာတ်တွေနဲ့ အာဟာရဓာတ်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်ကို အားတွေပြန်ပြည့်စေပါတယ်။

 

ရေ

အရက်နာကျတာကို အလုပ်ရှုပ်သက်သာစွာနဲ့ အကောင်းဆုံး တိုက်ဖျက်နိုင်တဲ့ နည်းလမ်းက ရေသောက်သုံးတာပါဘဲ။

အရက်သောက်ပြီးလို့ အိပ်ယာထဲမဝင်ခင် သတိထားပြီး ရေ ဖန်ခွက် ၂ ခွက် အပြည့်ကို သောက်ပြီး အိပ်လိုက်ပါ။

အရက်သောက်တာများရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်လာတတ်တာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးပါ။

သဘာဝ အသီးဖျော်ရည်များ

သဘာဝအသီးဖျော်ရည်တွေက ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ သကြားဓာတ်၊ Antioxidants နဲ့ Sporks Drink တွေမှာပါဝင်တဲ့ သဘာဝ Electrolyes ဓာတ်တွေပါဝင်နေပါတယ်။

အစာအိမ်မကောင်းရင် လိမ္မော်သီးစတဲ့အက်ဆစ်ဓာတ်ပါဝင်တဲ့ အသီးတွေမစားဘဲ ပန်းသီးဖျော်ရည်ကို သောက်ပါ။