တခါတလေကျရင် အအေးမိထားလို့ပဲဖြစ်ဖြစ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် အသက်နဲ့ အရသာပိုင်းဆိုင်ရာကို ထိခိုက်တတ်ပါတယ်။
နှာစေးတာကြာလာရင်တော့ အနံ့ ပျောက်တတ်တာကြောင့် ဆေးရုံဆေးခန်းမှာပြသသင့်ပါတယ်။
အခုပြောမယ့်နည်းလမ်းကတော့ အအေးမိပြီးနေပြန်ကောင်းလာတဲ့အချိန်၊ ဒါမှမဟုတ် ခဏတဖြုတ် အနံ့အရသာ ပျောက်သွားရင် ပြုလုပ်နိုင်တဲ့အိမ်တွင်းဆေးနည်းပဲဖြစ်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ၂ ဥ၊ ၃ ဥကို တောက်တောက်စဉ်းထားပါ။
ရေ ၁ ခွက်စာ
ပြုလုပ်နည်း
ရေ ၁ ခွက်စာကို အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် လုပ်ပါ။
ကြက်သွန်ဖြူ ကို ပါးပါးလှီးပြီး အိုးထဲထည့်ပါ။ ၅ မိနစ်လောက်ထားပါ။
ပြီးရင် မီးဖိုပေါ်ကနေချပြီး ခွက်ထဲထည့်ကာ အအေးခံလိုက်ပါ။
အဲ့ဒီ ကြက်သွန်ဖြူပြုတ်ရည်ကို သောက်လိုက်ပါ။
တစ်နေ့ကို ၂ ကြိမ်လောက်သောက်ပေးပါ။
Photo Credit: Style Craze