လည်ချောင်းနာခြင်းအတွက် အိမ်တွင်းကုထုံးများ

ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ် ။ လည်ချောင်းနာခြင်း အတွက် အလွယ်တကူ အိမ်တွင်း ကုထုံးများကို ပြုလုပ်ပေးနိုင်ကြပါတယ် ။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည် ။

၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မဝက်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ် ။

၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ ။

၄။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ ။

၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။ ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက် လည်ချောင်းနာ ခြင်းကို ပျောက်ကင်းစေရုံမက ခုခံအား ကောင်းစေ၍ အခြား ရောဂါများ ကိုပါ ကာကွယ် ပေးနိုင်ပါသည် ။

Credit:
– စောနွဲ့နေဆိုင် (ပူတာအို)
– ကိုးကား – Sore Throat: Medline Plus