သွားပိုးပေါက်များ၊ သွားကိုက်ခြင်း၊ သွားပိုးစားခြင်းတို့က အရွယ်မရွေး ခံစားရတတ်တဲ့ သွားရောဂါတစ်ခုပဲဖြစ်ပါတယ်။

သင့်ရဲ့ သွားမျက်နှာပြင်က အမဲရောင် အခေါင်းပေါက်ကြီးဖြစ်နေပြီဆိုရင်တော့ သွားကိုက်ခြင်း ဝေဒနာကို မကြာခဏ ခံစားရတတ်ပါတယ်။

သွားပိုးပေါက် မဖြစ်ပွားအောင် ဘယ်လိုကြိုတင်ကာကွယ်သင့်သလဲ

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုအစွမ်းထက်တယ်ဆိုတဲ့အတိုင်း သွားပိုးပေါက် မဖြစ်အောင် ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးပါ။ ငါးအမျိုးမျိုး၊ ကြက်ဥအနှစ်၊ ဒိန်ခဲတို့က ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် နေ့စဉ် စားသုံးပေးပါ။ အစား စားပြီးတိုင်းမှာလည်း ပလုတ်ကျင်းပေးလိုက်ပါ။ တစ်နေ့ နှစ်ကြိမ် ပုံမှန် သွားတိုက်ပေးခြင်းဖြင့် သင့် သွားများ ကျန်းမာကြံ့ခိုင်နေအောင် ပြုလုပ်သင့်ပါတယ်။

သွားပိုးပေါက်ကြောင့် သွားကိုက်ဝေဒနာ ခံစားရပြီဆိုရင် …

ရှားစောင်းလက်ပတ်အသုံးပြုပါ

ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို သွားတိုက်တံပေါ်တင်ပြီး ၂ မိနစ်ခန့် သွားတိုက်ပေးလိုက်ပါ။ ထို့နောက် သေသေချာချာ ပလုတ်ပြန်ကျင်းပေးရပါမယ်။ တစ်နေ့ ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ သွားကိုက်ဝေဒနာ သက်သာသွားပါလိမ့်မယ်။

တမာကိုင်း

တမာရွက်နဲ့ တမာကိုင်းက သွားပိုးပေါက်များကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တယ်လို့ လေ့လာချက်များအရသိရှိရပါတယ်။ သွားပိုးပေါက်များကို ဖယ်ရှားချင်တယ်ဆိုရင် တမာချောင်းကို တစ်နေ့ တစ်ကြိမ်ခန့် ဝါးပေးလိုက်ပါ။ သွားပိုးပေါက်ကြောင့် ဆွေးမြေ့ပျက်စီးနေသော သွားများကို ပကတိအတိုင်း ပြန်လည် သက်သာလာစေမှာပါ။

Source: Stylecraze.com