ဝမ်းချုပ်ခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ သင့် ခန္ဓာကိုယ်က လုံလောက်တဲ့အမျှင်ဓာတ်ကို မရရှိလို့ပဲဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာချင်တယ်ဆိုရင်တော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

ငှက်ပျောသီးကလည်း အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ငှက်ပျောသီးအသုံးပြုပြီး ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

ငှက်ပျောသီးနှင့် ပျားရည်

ငှက်ပျောသီးမှည့် ၁ လုံး၊ ၂ လုံးခန့်နှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်နှင့် ရေတို့ လိုအပ်ပါလိမ့်မယ်။ ငှက်ပျောသီးကို အတုံးသေးများဖြစ်အောင် တုံးပြီးနောက် ရေနဲ့ ပျားရည်တို့ဖြင့် ရောပြီးအောင် သမအောင် မွှေလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို တစ်နေ့ ၁ ကြိမ်၊ ၂ ကြိမ်ခန့် သောက်သုံးပေးနိုင်ပါတယ်။

ငှက်ပျောသီးနှင့် သင်္ဘောသီး

ရေ၊ ငှက်ပျောသီး တစ်လုံးနှင့် သင်္ဘောသီးစိပ် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ငှက်ပျောသီးနှင့် သင်္ဘောသီးကို ပါးပါးလှီးပြီးနောက် ဖျော်စက်ထဲထည့်ကာ ရေနှင့် သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို တစ်နေ့ နှစ်ကြိမ်ထက် (သို့) ဝေဒနာ သက်သာလာသည်အထိ သောက်ပေးလိုက်ပါ။

အုတ်ဂျုံနှင့် ငှက်ပျောသီး

အုတ်ဂျုံအနည်းငယ်၊ ငှက်ပျောသီးမှည့် တစ်လုံး၊ ရေ (သို့) နွားနို့ ၆၀ မီလီလီတာခန့် တို့ လိုအပ်ပါမယ်။ ဒီ့ထက်ပိုပြီး အရသာရှိချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ထပ်ထည့်ပေးလိုက်ပါ။

အရင်ဦးဆုံး ငှက်ပျောသီးကို အတုံးသေးဖြစ်အောင် တုံးလိုက်ပါ။ အုတ်ဂျုံကို ရေ (သို့) နွားနို့ဖြင့် ဖျောလိုက်ပါ။ ထိုအုတ်ဂျုံအရောအနှောကို အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် အပူပေးလိုက်ပါ။ အရည်ပျစ်လာပြီဆိုမှ မီးဖိုပေါ်က ချလိုက်ပါ။

ထို့နောက် ငှက်ပျောသီးနဲ့ ပျားရည်တို့ထည့်ပြီး အရသာရှိရှိစားသုံးနိုင်ပါပြီ။ ဒီအစားအစာလေးကိုတော့ တစ်ရက်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် စားသုံးနိုင်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်း (၃) မျိုးထဲက မိမိကြိုက်နှစ်သက်ရာ နည်းလမ်းလေးကို အသုံးပြုပြီး ဝမ်းချုပ်ခြင်းသက်သာလာအောင် ဆောင်ရွက်လိုက်ပါ။

Source: stylecraze.com