မျက်နှာပေါ်က အမာရွတ်တွေဟာ မှန်ကြည့်တိုင်း စိတ်ဆင်းရဲအောင် လုပ်နေပါသလား။ လွယ်ကူပြီး မြန်ဆန်တဲ့ အိမ်တွင်းကုထုံးလေးတွေနဲ့ စမ်းပြီး ကုကြည့်ရအောင်နော်။ သဘာ၀ အရာတွေနဲ့ ပြုလုပ်တာမို့ ဘေးထွက်ဆိုးကျိုး မရှိသလောက်ပါပဲ။

မျက်နှာပေါ်က အမာရွတ်တွေကို လက်သည်းနဲ့ ဆိတ်တာ၊ အချွန်နဲ့ထိုးတာ ဆွတာတွေ မလုပ်ပဲ အခု နည်းလမ်းလေးတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်သွားရင် သေချာပေါက် ပျောက်ကင်းသွားပါလိမ့်မယ်။

Remove Scars

၁။ သခွားသီး ကပ်ပေးပါ။ အမာရွတ် ရှိတဲ့ နေရာလေးတွေကို သခွားသီးလေး ပါးပါး လှီးပြီး ကပ်ပေးပါ။ ရေခဲသေတ္တာထဲ ထည့်ပြီး ရေခဲသခွား ကပ်ပေးလည်း ရပါတယ်။

၂။ အာလူးစိမ်း ကပ်ပါ။ အာလူးကို ရေစင်အောင် ဆေးပြီး ပါးပါးလှီးကပ်ပေးပါ။ အချို့က အာလူးနဲ့ ဓာတ်မတည့်တာတွေ ရှိပါတယ်။ အနည်းငယ် ယားလာရင် မကပ်ပေးပါနဲ့။

alove

၃။ သံလွင်ဆီ လိမ်းပေးပါ။ သံလွင်ဆီကို အမာရွတ်ရှိတဲ့ နေရာမှာ ဂွမ်းလေးနဲ့ တို့ပေးပါ။

၄။ ရေခဲကပ်ပါ။ ရေခဲအတုံးလေးတွေကို အဝတ် သန့်သန့်လေးထဲ ထည့်ပြီး ကပ်ပေးပါ။ ဝက်ခြံရှိရင်လည်း အရောင်ကျပြီး သက်သာစေနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ် အနှစ်သားကို ကပ်ပါ။ ရှားစောင်းလက်ပတ်ဟာ အသားအရေအတွက်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။ အနှစ်သားကို ယူပြီး အမာရွတ်ရှိတဲ့နေရာတွေကို လိမ်းထားပေးပါ။

apply-ice

၆။ ခရမ်းချဉ်သီးကပ်ပါ။ ခရမ်းချဉ်သီးကို မကပ်ခင် ရေနဲ့ ပြောင်အောင်ဆေးပါ။ မြေသြဇာတွေ ကပ်နေတဲ့ အသီးကို သုံးရင် မျက်နှာဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

အားလုံး အမာရွတ်ကင်းစင်ပြီး လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source: beautytips