ကြက်သွန်နီနဲ့ ပျားရည်တို့ကို အချိုးအစားကျကျ ဖျော်စပ်ထားတဲ့ သဘာဝဖျော်ရည်က ချောင်းဆိုးခြင်းကို အမှန်တကယ်ပဲ ပျောက်ကင်းစေနိုင်ပါတယ်။

ဒါက ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်နီမှာ ဘက်တီးရီးယားများကို သေစေနိုင်တဲ့အစွမ်းသတ္တိရှိပြီး ပျားရည်နဲ့ ရောပေါင်းလိုက်တဲ့အခါမှာတော့ ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းထက် အိမ်တွင်းဆေးစွမ်းကောင်းတစ်လက် ဖြစ်သွားခြင်းကြောင့်ပဲဖြစ်ပါတယ်။

ထိုချောင်းဆိုးပျောက်ဆေးရည်ကို ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့…

  • ကြက်သွန်နီ ၁ ဥ
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ကြက်သွန်နီကို အခွံခွာပြီး ပါးပါးလှီးထားပါ။ ထို့နောက် ဖန်ပုလင်း (သို့) ဖန်ခွက်ထဲ ထည့်လိုက်ပါ။

၂။ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ပါးပါးလှီးထားသော ကြက်သွန်နီပေါ်သို့ လောင်းချလိုက်ပါ။

၃။ ထို့နောက် ထိုအရောအနှောကို အနည်းဆုံး ၆ နာရီမှ ၁၀ နာရီကြာသည်အထိ နှပ်ထားပေးရပါမယ်။ ဒါမှမဟုတ်လည်း တစ်ညတာလုံး စိမ်ထားပေးနိုင်ပါတယ်။

၄။ သတ်မှတ်ချိန်ပြည့်သည်အထိ နှပ်ပြီးတဲ့နောက်မှာတော့ ကြက်သွန်ဖတ်များကို စစ်ထုတ်လိုက်ပြီး ပျားရည်အရောအနှောကိုပဲ ယူထားရပါမယ်။

ထိုပျားရည်အရောအနှောကို လက်ဖက်ရည်ဇွန်းဖြင့် တစ်ခါသောက် ၁ ဇွန်း၊ တစ်နေ့ ၃ ကြိမ်ခန့် သောက်သုံးမယ်ဆိုရင်တော့ ချောင်းဆိုးခြင်း ဝေဒနာ ပျောက်ကင်းသွားပါလိမ့်မယ်။

Source : Utopia.org

Photo Source: Evermine.com