အိမ်တွင်းက အစားအစာတွေဟာ လူတွေကို မထင်မှတ်တဲ့ ရှုထောင့်တွေကနေ အကူအညီ အများကြီး ပေးပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အတွက် အလှအပရေးရာနဲ့ သက်ဆိုင်တဲ့ အရာတွေကိုလည်း သေးသေးမွှားမွှား အရာလေးတွေက ကူညီပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နှုတ်ခမ်းသားလေးကို ၁၀မိနစ်အချိန်ပေးရုံနဲ့ စိုစိုပြေပြေလေး ဖြစ်စေဖို့ အတွက် လုပ်ရမယ့် နည်းလေးကို မျှဝေချင်ပါတယ်။ သိပ်လည်း မခက်လို့ လုပ်ကြည့်ဖို့ အဆင်ပြေစေမှာပါ။

လိုအပ်တာတွေကတော့
– သံပုရာသီး တစ်လုံး
– သကြား တစ်ဇွန်း

sugar-lemon-scurb

ပြုလုပ်ပုံ

– လတ်ဆတ်တဲ့ သံပုရာသီးကို အရည်ညှစ်ပြီး ထားပါ။

– အရည်ထဲကို သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။

– သမအောင် မွှေပါ ဒါပေမယ့် သကြားတွေ ပျော်သွားတဲ့ အထိ မမွှေပါနဲ့။

– မွှေထားတဲ့ သကြားသံပုရာကို နှုတ်ခမ်းသားပေါ် ညင်သာစွာ လိမ်းပေးပါ။ ဖြည်းဖြည်းချင်း ပွတ်ပေးပါ။

– ခဏကြာတဲ့အခါ နှုတ်ခမ်းသားပေါ်က ဆဲလ်အသေတွေ ခွာကျလာပါလိမ့်မယ်။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးလိုက်ပါ။

၅-၆ ရက် ဆက်တိုက် လုပ်ပေးမယ်ဆိုရင်တော့ ပန်းရောင်သန်းပြီး ရွှန်းလဲ့တဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်ပါပြီ။