ပျားရည်က ကျန်းမာရေးအတွက် အများကြီး အကျိုးရှိပါတယ်။ တခါတရံ ဆေးဝါးတွေမသောက်ချင်ရင်လည်း အိမ်မှာရှိတဲ့ ပျားရည်လေးနဲ့လည်း ကုသလို့ရပါတယ်။
ခေါင်းကိုက်၊ အာရုံကြောကိုက်ခဲတာတွေအတွက်
ခေါင်းကိုက်တာတွေ၊ အာရုံကြောကိုက်ခဲနေရင် ပျားရည်နဲ့ ကုသလို့ရပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်းကို ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေနွေးပူပူတစ်ခွက်နဲ့ ရောလိုက်ပါ။ သူတို့ကို သမအောင်မွှေပြီး သောက်လိုက်ပါ။
အအေးမိနေပါသလား
အအေးမိနေရင်လည်း သံပုရာသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ရောပြီး ဂျင်းရေနွေးကြမ်းတစ်ခွက်ထဲထည့်ပြီး မွှေကာ သောက်လိုက်ပါ။
ဝမ်းပျက်ဝမ်းလျှော ၊ဗိုက်အောင့်နေရင်
အစာမှားတာနဲ့ ခဏခဏ ဝမ်းလျှောတတ်သူ၊ ဝမ်းပိတ်ဆေးသောက်ပြီးဝမ်းချုပ်သွားမှာကို စိုးရိမ်တတ်သူတွေအတွက် အကောင်းဆုံးဆေးပါဘဲ။
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို
ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့
ရောပြီး သောက်လိုက်ပါ။ ဝမ်းမပိတ်မခြင်း ၂ခါ၊ ၃ ခါလောက်သောက်လည်း ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အရမ်းပြင်းထန်တဲ့ ဝမ်းပျက်တာတွေ ကာလဝမ်းရောဂါတွေဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။