သင့် လက်ဖဝါးလေး ထိလိုက်တိုင်း နူးနူးညံ့ညံ့လေး ဖြစ်ချင်ပါသလား။ ဈေးကြီးတဲ့ Hand Cream တွေသုံးစရာမလိုဘဲ ပျားရည်လေးက လုပ်ဆောင်ပေးပါလိမ့်မယ်။

လိုအပ်တဲ့ပစ္စည်း

ခဲနေတဲ့ ပျားရည်တွေကို အရည်ပြန်ဖြစ်အောင်

ပျားရည်

ပြုလုပ်နည်း

ပျားရည် အနည်းငယ်ကို သင့်လက်ထဲ ထည့်လိုက်ပါ။

ညင်သာစွာ လက်နှစ်ဖက်နဲ့ ပွတ်လိုက်ပါ။

၁၅ မိနစ်- မိနစ် ၂၀ လောက်ထားပြီးမှ ရေဆေးချပါ။

နေ့စဉ် ၁ ကြိမ် သို့ ၂ ကြိမ် ပြုလုပ်ပေးရင် သင့်လက်ဖဝါးလေးတွေ နူးညံ့လာပါလိမ့်မယ်။

ပျားရည်ကို ဘာကြောင့် သုံးသင့်သလဲ။

ပျားရည်မှာ ရေဓာတ်၊ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို စိုစွတ်အောင် ပြုလုပ်ပေးနိုင်တာကြောင့် လက်ကို သဘာဝအတိုင်း နူးညံ့စေပါတယ်။