[Unicode]

သင်လည်ပင်းနာတာ၊ ရောင်နေတာတွေ ခံစားနေရလား။ ပန်းသီးရှာလကာရည်က လည်ပင်းနာတာ၊ ရောင်တာတွေကို အလွယ်တကူ ပျောက်ကင်းစေပါတယ်။

11-throat-remedies-apple-cider-vinegar

လည်ပင်းနာ၊ ရောင်တာတွေနဲ့ ပတ်သက်ပြီး ပန်းသီးရှာလကာရည်အစွမ်း

  • ပန်းသီးရှာလကာရည်မှာ လည်ပင်းရောင်တာကို ဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်အောင် ပြုလုပ်နိုင်ပါတယ်။
  • ပန်းသီးရှာလကာရည်မှာ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် ပိုးမွှားတွေ နေနိုင်တဲ့ PH Levels ကို လျော့ပါးစေပြီး ဘက်တီးရီးယား ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
  • ကိုယ်ခံအားကောင်းစေပြီး ခန္ဓာကိုယ်အတွင်းက T Cells နဲ့ သွေးဖြူဥ ဆဲလ်တွေကို တိုးပွားအောင် ကူညီပေးနိုင်တဲ့ Prebiotic Insulin တွေလည်း ပါဝင်ပါတယ်။

ပြုလုပ်နည်း

185087494

ပန်းသီးရှာလကာရည်ကို ရေနဲ့ ရောပါ

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ ၈၀ အောင်စနဲ့ ရောပါ။ ရေက နွေးနွေးလေးဖြစ်နေရင် ကောင်းပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပါ။ ဒါဆိုရင် သောက်ရတာပိုအဆင်ပြေသွားပါတယ်။

ပါဝင်ပစ္စည်းတွေ အားလုံးကို မွှေပြီး တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ် သောက်ပါ။

using-apple-cider-vinegar-and-epsom-salt

ပန်းသီးရှာလကာရည် နဲ့ဆား

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းထဲကို ဆား အနည်းငယ်ဘဲ ထည့်ပါ။ ရေနွေးနွေး ခွက်တစ်ဝက်နဲ့ ရောပါ။

အဲ့ဒီအရည်နဲ့ တစ်နေ့ကို ၃ခါကနေ ၄ ခါ ပလုတ်ကျင်းပါ။

Honey-and-Apple-Cider-Vinegar

ပန်းသီးရှာလကာရည်နဲ့ ပျားရည်

လည်ပင်းနာ၊ ရောင်တာတင်မကဘဲ ချောင်းလည် အပြင်းအထန်ဆိုးပြီး ရင်ဘတ်တွေအောင့်နေရင် ဒီဆေးနည်းကို သုံးသင့်ပါတယ်။

ပန်းသီးရှာလကာရည် ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံကို ပျားရည် ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံ နဲ့ရောပါ။ ရေမရောပါနဲ့။ ဒီဖျော်ရည်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ခပ်ပြီး သောက်ပေးရင် ၃ နာရီကနေ ၄ နာရီကြားလောက် လည်ပင်းနာတာ သက်သာသွားပါလိမ့်မယ်။ တစ်နေ့ကို ၂ ခါလောက်ဘဲ စားပါ။ အရမ်းပြင်းနေလို့ မသောက်နိုင်ဘူးဆိုရင် ရေနွေးနွေးလေး အနည်းငယ်ရောလို့ရပါတယ်။

[Zawgyi]

သင္လည္ပင္းနာတာ၊ ေရာင္ေနတာေတြ ခံစားေနရလား။ ပန္းသီးရွာလကာရည္က လည္ပင္းနာတာ၊ ေရာင္တာေတြကို အလြယ္တကူ ေပ်ာက္ကင္းေစပါတယ္။

11-throat-remedies-apple-cider-vinegar

လည္ပင္းနာ၊ ေရာင္တာေတြနဲ႔ ပတ္သက္ၿပီး ပန္းသီးရွာလကာရည္အစြမ္း

  • ပန္းသီးရွာလကာရည္မွာ လည္ပင္းေရာင္တာကို ျဖစ္ေစတဲ့ ပိုးမႊားေတြကို ေသေစႏိုင္ေအာင္ ျပဳလုပ္ႏိုင္ပါတယ္။
  • ပန္းသီးရွာလကာရည္မွာ အက္ဆစ္ဓာတ္ပါ၀င္တာေၾကာင့္ ပိုးမႊားေတြ ေနႏိုင္တဲ့ PH Levels ကို ေလ်ာ့ပါးေစၿပီး ဘက္တီးရီးယား ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
  • ကိုယ္ခံအားေကာင္းေစၿပီး ခႏၶာကိုယ္အတြင္းက T Cells နဲ႔ ေသြးျဖဴဥ ဆဲလ္ေတြကို တုိးပြားေအာင္ ကူညီေပးႏိုင္တဲ့ Prebiotic Insulin ေတြလည္း ပါ၀င္ပါတယ္။

ျပဳလုပ္နည္း

185087494

ပန္းသီးရွာလကာရည္ကို ေရနဲ႔ ေရာပါ

ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကို ေရ ၈၀ ေအာင္စနဲ႔ ေရာပါ။ ေရက ေႏြးေႏြးေလးျဖစ္ေနရင္ ေကာင္းပါတယ္။ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္၀က္ေလာက္ထည့္ပါ။ ဒါဆိုရင္ ေသာက္ရတာပိုအဆင္ေျပသြားပါတယ္။

ပါ၀င္ပစၥည္းေတြ အားလံုးကို ေမႊၿပီး တစ္ေန႔ကို ၂ ႀကိမ္ကေန ၃ ႀကိမ္ ေသာက္ပါ။

using-apple-cider-vinegar-and-epsom-salt

ပန္းသီးရွာလကာရည္ နဲ႔ဆား

ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းထဲကို ဆား အနည္းငယ္ဘဲ ထည့္ပါ။ ေရေႏြးေႏြး ခြက္တစ္၀က္နဲ႔ ေရာပါ။

အဲ့ဒီအရည္နဲ႔ တစ္ေန႔ကို ၃ခါကေန ၄ ခါ ပလုတ္က်င္းပါ။

Honey-and-Apple-Cider-Vinegar

ပန္းသီးရွာလကာရည္နဲ႔ ပ်ားရည္

လည္ပင္းနာ၊ ေရာင္တာတင္မကဘဲ ေခ်ာင္းလည္ အျပင္းအထန္ဆိုးၿပီး ရင္ဘတ္ေတြေအာင့္ေနရင္ ဒီေဆးနည္းကို သံုးသင့္ပါတယ္။

ပန္းသီးရွာလကာရည္ ခြက္တစ္ခြက္ရဲ႕ ၄ ပံု ၁ပံုကို ပ်ားရည္ ခြက္တစ္ခြက္ရဲ႕ ၄ ပံု ၁ပံု နဲ႔ေရာပါ။ ေရမေရာပါနဲ႔။ ဒီေဖ်ာ္ရည္ကုိ လက္ဖက္ရည္ဇြန္း ၁ ဇြန္းေလာက္ခပ္ၿပီး ေသာက္ေပးရင္ ၃ နာရီကေန ၄ နာရီၾကားေလာက္ လည္ပင္းနာတာ သက္သာသြားပါလိမ့္မယ္။ တစ္ေန႔ကို ၂ ခါေလာက္ဘဲ စားပါ။ အရမ္းျပင္းေနလို႔ မေသာက္ႏိုင္ဘူးဆိုရင္ ေရေႏြးေႏြးေလး အနည္းငယ္ေရာလို႔ရပါတယ္။