အချို အစားများတဲ့သူတွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ ဆီးချိုရောဂါခံစားရခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဆီးချိုရောဂါ ခံစားနေရတာကို သိရှိသွားပြီဆိုရင်တော့ အချိုစာတွေကို ရှောင်ကြဉ်ပေးရပါတော့မယ်။

ဒါ့အပြင် သစ်ကြမ်းပိုးခေါက်ရဲ့အရေးပါပုံကိုလည်း သိရှိနားလည်ထားသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သစ်ကြမ်းပိုးခေါက် အသုံးပြုပြီး ဆီးချိုရောဂါကို သက်သာပျောက်ကင်းအောင် ကုသနိုင်လို့ပဲဖြစ်ပါတယ်။

ဒါဆိုရင် သစ်ကြမ်းပိုးခေါက်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်။

သစ်ကြမ်းပိုးခေါက်နှင့် ဒိန်ချဉ်

အဆီထုတ်ထားသော ဒိန်ချဉ် ၂၄၅ ဂရမ်၊ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ထိုပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးလိုက်ပါ။ မွှေပြီးတဲ့နောက်မှာ ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ပြီးရင် သောက်သုံးနိုင်ပါပြီ။

သစ်ကြမ်းပိုးခေါက်နှင့် ဂျင်းလက်ဖက်ရည်

လက်မအရွယ်အစားခန့် ဂျင်းတုံးတစ်တုံး၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သစ်ကြမ်းပိုးခေါက် တစ်ချောင်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေ ဖန်ခွက် တစ်ခွက်စာခန့်တို့ လိုအပ်ပါလိမ့်မယ်။

ရေကို အပူပေးလိုက်ပါ။ ဂျင်းတုံးများကို ပါးပါးလှီးထားပါ။ ရေက ပွက်ပွက်ဆူလာပါက ဂျင်းများ ထည့်ပြုတ်လိုက်ပါ။ မီးအပူချိန်ကို လျော့ချလိုက်ပြီးနောက် သစ်ကြမ်းပိုးခေါက် ထည့်ပြုတ်လိုက်ပါ။ ၅ မိနစ်ခန့် စိမ်ထားပြီးနောက် ရရှိလာတဲ့အရည်ကို ဖန်ခွက်ထဲထည့်လိုက်ပါ။ ထို့နောက် သံပုယိုရည်နှင့် ပျားရည်တို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ သစ်ကြမ်းပိုးခေါက် ဂျင်းလက်ဖက်ရည်ကို သောက်သုံးနိုင်ပါပြီ။

အခုဖော်ပြပေးသွားတဲ့ နည်းလမ်းလေးတွေကတော့ မိမိအိမ်မှာရှိတဲ့ အစားအစာတွေကို ကျန်းမာရေးအတွက် အကျိုးရှိအောင် ဖော်စပ်သောက်သုံးရမယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဈေးကြီးပေးဝယ်စရာမလိုဘဲ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ သဘာဝဆေးနည်းတွေပဲဖြစ်ပါတယ်။

Source: Stylecraze.com