လေ့ကျင့်ခန်းလုပ်ဆောင်မှုများကို မြှင့်တင်ပေး

အုန်းရည်မှာပါဝင်တဲ့ Electrolytes က အုန်းရည်အတွက် အဓိကပါဘဲ။ အုန်းရည်မှာပါဝင်သည့် Electrolytes က Cola သို့ Sprite တို့ထက်ပိုပြီး များပါတယ်။

 

သဘာဝ ပိုတက်ဆီယမ်ဓာတ်ပါဝင်ပြီး၊ သကြားနဲ့အချို ဓာတ်များမပါဝင်တာကြောင့် Sports Drinks များထက် ပိုပြီး သင့်လျော်ပြီး အားပြည့်စေပါတယ်။

ဒါပေမယ့် အားကစား ပြင်းပြင်းထန်ထန်လုပ်တဲ့သူတွေကတော့ ကိုယ့် ကျန်းမာရေး နည်းပြနဲ့ တိုင်ပင်သင့်ပါသည်။

နှလုံး ကျန်းမာရေးကို မြှင့်တင်ပေး

အုန်းရည်က သွေးအတွင်း ကိုလက်စထရောဓာတ် လျော့ချပေးပါတယ်။ အုန်းရည်က ကောင်းတဲ့ကိုလက်စထရောဓာတ်ကို မြှင့်တင် ထိန်းညှိပေးပါတယ်။

အုန်းရည်က သွေးတိုးကိုလည်းကျစေပါတယ်။

အစာခြေစနစ်ကို ထောက်ပံ့ပေး

အုန်းရည်မှာ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ သံဓာတ်၊ ကယ်ဆီယမ်၊ အဂ္ဂနီဆီယမ်၊ Manganese တို့ပါဝင်ပါတယ်။

အရက်နာကျတာကိုလည်း ကူညီပေး

အရက်နာကျရင် ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ်ဓာတ်လျော့နည်းတာကြောင့် အုန်းရည်က အကောင်းဆုံးပါဘဲ။

ဝက်ခြံတွေအတွက်လည်းကောင်းမွန်

အုန်းရည်မှာ Antibacterial ဂုဏ်သတ္တိများပါဝင်သည့် Lauric အက်ဆစ်ပါဝင်တာကြောင့် သောက်သုံးရင် ဝက်ခြံများကို လျော့နည်းစေပါတယ်။