လူအများစုဟာ ကျန်းမာအောင် ပြုမူနေထိုင်ချင်ကြပါတယ်။ လေ့ကျင့်ခန်းတွေကို အချိန်ပေးပြီး ပုံမှန်လုပ်ချင်တယ်။ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ စဉ်းစား ချက်ပြုတ် စားချင်ကြပါတယ်။ ကျန်းမာရေး ဆောင်းပါးတွေ ဖတ်ပြီး ပြုမူနေထိုင်မယ်လို့ တွေးကြတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ရုန်းကန်လှုပ်ရှားနေရတဲ့ လူမှုအဖွဲ့အစည်းမှာ အိမ်အလုပ်၊ ဝင်ငွေရှာရတဲ့အလုပ်၊ လူမှုရေးတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ အချိန်မပေးနိုင်ဘဲ ဖြစ်နေတတ်ကြပါတယ်။ ကဲ..ဒီလို လူမျိုးတွေအတွက် သတင်းကောင်း တစ်ခု မျှဝေချင်ပါတယ်။ အချိန်ပေးစရာ မလိုဘဲ ကျန်းမာရေးနဲ့ ညီညွှတ်မယ့် နည်းလမ်းတစ်ခုပါ။

နည်းလမ်းကတော့ လီမွန်ပျားရည်ပါ။ မနက်ခင်းတိုင်း သောက်ပေးရုံနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဘယ်လို အကျိုးတွေလဲဆိုရင်

အသားအရေအတွက် ကောင်းမွန်စေနိုင်

skinglow

အသားအရေဟာ ညစ်ထစ်ထစ်နဲ့ မကြည်မလင် ဖြစ်နေတယ်လို့ ထင်နေရင် လီမွန်ပျားရည်ကိုသာ သောက်ပေးလိုက်ပါ။ ဗီတာမင် စီဟာ လူရဲ့ ခန္ဓာကိုယ်တည်ဆောက်ရာမှာ အရေးကြီးတဲ့ Tissue တစ်မျိုးကို အကူအညီပေးပါတယ်။ အဲ့ဒီ Tissue ဟာ အရေပြားကျန်းမာရေးနဲ့ အရွယ်တင်စေဖို့ လုပ်ဆောင်တာပါ။ ပျားရည်ကတော့ အသားအရေကို စိုပြည်လာစေဖို့ ကူညီပါလိမ့်မယ်။ နှစ်ခုပေါင်း ရလာဒ်ကတော့ အရေပြားကျန်းမာရေး အတွက် ကောင်းမွန်စေတာပါပဲ။

နှလုံးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေနိုင်

နှလုံးရောဂါဟာ ကမ္ဘာမှာ အဖြစ်အများဆုံး ရောဂါဖြစ်ပြီး သေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။ လူတွေရဲ့ အဓိက ကျန်းမာရေး အန္တာရာယ်ပါပဲ။ အဲ့ဒီ အခြေအနေကို လီမွန်ပျားရည်က ကူညီနိုင်ပါတယ်။ လီမွန်လို့ ခေါ်တဲ့ သံပုရာသီး(သို့)သံပုယိုသီးနဲ့ ပျားရည် နှစ်မျိုးစလုံးမှာ ပိုတက်ဆီယမ် အများအပြား ပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီးတော့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ သွေးဖိအားကို ထိန်းနိုင်ရင် နှလုံးဖောက်တာ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် နှလုံးကြွက်သားတွေကို ကာကွယ်ပေးနိုင်မယ့် ဓာတ်တွေကိုလည်း လီမွန်ပျားရည်ကနေ ရနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို လျှော့ချနိုင်

lose weight

ပေါင်ပိုတွေကို ချဖို့ အတွက်ဆိုရင်တော့ လီမွန်ပျားရည်က ဆရာတစ်ဆူပါ။ ဘေးထွက်ဆိုးကျိုးနည်းပြီး ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ရေဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး ဆာလောင်ခြင်းကို ဟန့်တားပေးနိုင်ပါတယ်။ လီမွန်ထဲမှာပါတဲ့ အက်ဆစ်ဓာတ်တစ်မျိုးကြောင့် အစာအိမ်သမားတွေ အတွက်ကတော့ သတိထားပြီး သောက်သင့်ပါတယ်။

အစာချေစနစ်ကို ကူညီပေးနိုင်

အစာကောင်းကောင်း မကြေတဲ့ အခါ လေတက်တာ၊ ဗိုက်အောင့်တာနဲ့ ခေါင်းကိုက်တာတွေ ခံစားရစေပါတယ်။ လီမွန်ပျားရည်ဟာ အစာကြေစေဖို့ ကူညီပေးပြီး ဝမ်းကိုလည်း မှန်စေပါတယ်။
ကိုယ်ခံအားကို တိုးစေနိုင်

အိပ်မပျော်၊ စိတ်ဖိစီးမှုများတာတွေဟာ ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်ပါတယ်။ ကိုယ်ခံအား ကျလာတဲ့အခါ ဖျားနာခြင်းနဲ့ အအေးမိ ရာသီတုပ်ကွေးနဲ့ ကူးစက်ရောဂါတွေ ဝင်လာနိုင်ပါတယ်။ လီမွန်ပျားရည်ကို နေ့တိုင်း သောက်ပေးမယ်ဆိုရင်တော့ ဗီတာမင်စီ ပြည့်ဝပြီး ပျားရည်ရဲ့ စွမ်းအင်တွေကိုပါ ရရှိစေနိုင်ပါတယ်။

ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပေးနိုင်

လူတွေဟာ အသက်ရူင်လိုက်ရင် ဖြစ်ဖြစ် အပြင်အစားအစာတွေ စားတဲ့အခါဖြစ်ဖြစ် ဓာတုဗေဒတွေနဲ့ အဆိပ်တွေဟာ ကိုယ်ထဲကို ဝင်ရောက်သွားကြပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ဖြန်းတဲ့ ပိုးသတ်ဆေးတွေ အပါအဝင် တစ်ခြား Chemical တွေ ကိုယ်ထဲကို အနည်းနဲ့အများတော့ ရောက်သွားတတ်ပါတယ်။ ဒါတွေကို ဖယ်ထုတ်နိုင်မှသာ လူဟာ ပိုပြီး ကျန်းမာလာနိုင်မှာပါ။ လီမွန်ပျားရည်ဟာ ကိုယ်ထဲက အဆိပ်တွေကို ဖယ်ထုတ်ပေးနိုင်ပြီး အူလမ်းကြောင်းကို သန့်စင်စေနိုင်ပါတယ်။

လီမွန်ပျားရည်ကို အိမ်မှာပဲ အလွယ်တကူ လုပ်လို့ ရပါတယ်။ လိုအပ်တာကတော့ သံပုယိုသီးနဲ့ ပျားရည်ပါပဲ။ ပျားရည်စစ်စစ် ရရင် ပိုကောင်းပါတယ်။ သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ပါ။ ပျားရည်ကတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆို ရပါပြီ။ ရေခပ်နွေးနွေးနဲ့စိမ်ပြီး သောက်လု့ိရပါတယ်။ သံပုယိုသီးကို အရည်မညှစ်ဘဲ အကွင်းလိုက်လှီးပြီး စိမ်သောက်လည်း ရပါတယ်။

သောက်ရမယ့် အချိန်ကတော့ မနက်စာ မစားခင်ပါ။

ကဲ အချိန်ကုန်သက်သာပြီး အကျိုးများစေမယ့် လီမွန်ပျားရည်ကို ဒီမနက်ပဲ စသောက်လိုက်ရအောင်နော်။

Credit: lifehack