[Unicode]

ကြက်ဥတွေပြုတ်သွားပြီး မကုန်ရင် သိမ်းဆည်းထားပြီးမှ တခြားနေ့တွေကျမှ ထုတ်စားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ကြက်ဥအပြုတ်တွေကို အချိန်ဘယ်လောက်ကြာကြာ သိမ်းဆည်းထားလို့ရလဲ ကြည့်ရအောင်။

ပြုတ်ပြုတ်ပြီးချင်း အချိန် ၂နာရီလောက်အတွင်းမှာ အခွံမခွာသေးဘဲ ရေခဲသေတ္တာထဲကိုထည့်ထားရင် ၁ ပတ်ကျော်၊ ၁ပတ်ခွဲလောက် အထားခံပါတယ်။

ဒီအတိုင်းကြီးထည့်ထားတာထက် ပလပ်စတစ်အိတ်တွေ၊ ဗူးတွေထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ရင် ပိုကောင်းပါတယ်။

ဒါဆိုရင် ရေခဲသေတ္တာထဲက အနံ့တွေ ကြက်ဥထဲမရောက်တော့ဘူးပေါ့နော်။

ကြက်ဥကို အခွံခွာမိလိုက်ရင်

အကယ်၍ ကြက်ဥကို အခွံခွာလိုက်မိရင်တော့ ၃ ရက်လောက်ဘဲ ကြာရှည်ခံတော့ပါတယ်။ ဒါပေမယ့် လေလုံတဲ့ ပလပ်စတစ်အိတ်သို့ အဖုံးအပိတ်ပါတဲ့ ဗူးထဲမှာဘဲထည့်သိမ်းထားပါ။

ဒါမှမဟုတ်ရင်လည်း နောက်နေ့ကျရင် ရွှေခေါင်းပြောင် ဟင်း သို့ ကြက်ဥဟင်းချက်လိုက်ပေါ့နော်။

[Zawgyi]

ၾကက္ဥေတြျပဳတ္သြားၿပီး မကုန္ရင္ သိမ္းဆည္းထားၿပီးမွ တျခားေန႔ေတြက်မွ ထုတ္စားေလ့ရွိၾကပါတယ္။

ဒါ့ေၾကာင့္ ၾကက္ဥအျပဳတ္ေတြကို အခ်ိန္ဘယ္ေလာက္ၾကာၾကာ သိမ္းဆည္းထားလို႔ရလဲ ၾကည့္ရေအာင္။

ျပုတ္ျပုတ္ၿပီးခ်င္း အခ်ိန္ ၂နာရီေလာက္အတြင္းမွာ အခြံမခြာေသးဘဲ ေရခဲေသတၱာထဲကိုထည့္ထားရင္ ၁ ပတ္ေက်ာ္၊ ၁ပတ္ခြဲေလာက္ အထားခံပါတယ္။

ဒီအတိုင္းႀကီးထည့္ထားတာထက္ ပလပ္စတစ္အိတ္ေတြ၊ ဗူးေတြထဲထည့္ၿပီး ေရခဲေသတၱာထဲထည့္ရင္ ပိုေကာင္းပါတယ္။

ဒါဆိုရင္ ေရခဲေသတၱာထဲက အနံ႔ေတြ ၾကက္ဥထဲမေရာက္ေတာ့ဘူးေပါ့ေနာ္။

ၾကက္ဥကို အခြံခြာမိလိုက္ရင္

အကယ္၍ ၾကက္ဥကို အခြံခြာလိုက္မိရင္ေတာ့ ၃ ရက္ေလာက္ဘဲ ၾကာရွည္ခံေတာ့ပါတယ္။ ဒါေပမယ့္ ေလလံုတဲ့ ပလပ္စတစ္အိတ္သို႔ အဖံုးအပိတ္ပါတဲ့ ဗူးထဲမွာဘဲထည့္သိမ္းထားပါ။

ဒါမွမဟုတ္ရင္လည္း ေနာက္ေန႔က်ရင္ ေရႊေခါင္းေျပာင္ ဟင္း သို႔ ၾကက္ဥဟင္းခ်က္လိုက္ေပါ့ေနာ္။