အစားအစာ တစ်ခုစီတိုင်းမှာ စားရမယ့် ပမာဏတွေ ရှိကြောင်း Guard Your Health ဆိုတဲ့ မဂ္ဂဇင်းတစ်စောင်ကနေ ရှာဖွေတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်စေတယ်ဆိုပြီး ပန်းပွင့်စိမ်းတွေချည်းပဲ ၆ လလုံး စားလို့ မရပါဘူး။ ဝိတ်တက်ချင်လို့ တစ်ထိုင်တည်း ကြက်ဥနဲ့ ငှက်ပျောသီးတွေကို အများကြီး စားလို့ မရပါဘူး။ တစ်ထိုင်တည်းစားတဲ့အခါ အများကြီးစားမိရင် ပြည့်အင့်တာတွေ အစာမကြေတာတွေ ဘာကြောင့်ဖြစ်လဲဆိုတာ လိုအပ်တာထက် ပိုပြီး စားမိစေလို့ပါ။

Source: Fighting Fifty

ဘယ်လို အစားအစာကို ဘယ်လောက်ပမာဏ စားရမယ်ဆိုတာ သိစေနိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်းတစ်ခု မျှဝေချင်ပါတယ်။ ပုံနဲ့ တွဲကြည့်ရင် ပိုပြီး ရှင်းလင်းစေနိုင်ပါတယ်။

၁။ လက်အပြည့် (လက်ခုပ်အပြည့်လို့ ဗမာလို ပြောလို့ ရပါတယ်။ လက်နှစ်ဖက်ထဲ အပြည့်ပါ။)ဆိုတဲ့ ပမာဏဟာ တစ်နေ့အတွက် ဟင်းသီးဟင်းရွက်တွေ လိုအပ်နေတဲ့ ပမာဏပါ။ တစ်နေ့စာ လက်နှစ်ဖက်အပြည့် အသီးအရွက်တွေ စားလို့ရပါတယ်။

၂။ လက်သီးဆုပ်ရဲ့ အရှေ့မျက်နှာပြင် ကာဗွန်ဟိုက်ဒရိတ်တွေ အတွက်ပါ။ ထမင်း၊ ပါစတာ၊ ပေါင်မုန့်နဲ့ ဂျုံတွေဟာ တစ်နေ့စာလုံးမှာ လက်တစ်ဝါးစာပဲ လိုအပ်ပါတယ်။

how-much-food-should-you-eat-in-one-sitting

၃။ လက်တစ်ဝါးစာ ပမာဏဟာ နေ့စဉ် လိုအပ်တဲ့ အသားပမာဏပါ။

၄။ လက်သီးတစ်ဆုပ်စာ ပမာဏဟာ နေ့စဉ် လိုအပ်တဲ့ အသီးအနှံ ပမာဏပါ။ နေ့စဉ် ဒီပမာဏအတိုင်း စားခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

၅။ ထောပတ်ပမာဏကတော့ ပုံမှာ ပြထားတဲ့ အတိုင်း လက်တစ်ညိုးစာပါပဲ။

သင်ဟာ ကိုယ်အလေးချိန် တက်ချင်သူ ဆိုရင်တော့ ဖော်ပြထားတဲ့ ပမာဏထက် အနည်းငယ် ပိုစားပေးပါ။ ကိုယ်အလေးချိန် ကျချင်သူဆိုရင်တော့န ည်းနည်းစီ လျော့စားလို့ ရပါတယ်။

Source: brightside.me