တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဘာပဲ စားစား၊သောက်သောက် သူ့အတိုင်းအတာနဲ့ပဲ စားသုံးသင့်ပါတယ်။
ပန်းသီးအစေ့
ပန်းသီး ၁၈လုံး တစ်ခါတည်းစားလို့မသေနိုင်ပါဘူး။ဒါပေမယ့် ပန်းသီး ၁၈ လုံးထဲက အစေ့တွေကို ထုတ်ပြီး ချေလိုက်ကာ စားလိုက်ရင်တော့ သေတတ်ပါတယ်။ ပန်းသီးအစေ့မှာ အဆိပ်ဖြစ်စေတတ်တဲ့ cyanide ဓာတ်ပါလို့ဖြစ်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် စားသုံးတာများရင် သေစေနိုင်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို တစ်ထိုင်တည်း အလုံး ၄၀၀ စားရင် သေတတ်ပါတယ်။
လိမ္မော်သီး
လိမ္မော်သီးက အရမ်း အလွန်အကျွံစားသုံးတာများမှသာ အန္တရာယ်ရှိတာပါ။ တစ်ထိုင်တည်း၊ တစ်ချိန်လုံး လိမ္မော်သီး အလုံး ၁သောင်း၁ထောင်လောက်စားမှဖြစ်ပါတယ်။
ဆား
ဆားကို လက်ဖက်ရည်ဇွန်း ၄၈ ဇွန်းထက်ပိုပြီး မစားသုံးသင့်ပါဘူး။ ဒါက ကျန်းမာရေးအတွက် အရမ်းအန္တရာယ်များပါတယ်။
အရက်
ကျန်းမာတဲ့လူတစ်ယောက်တောင် အရက်ပါဝင်မှုနှုန်း ၄၀ ရာခိုင်နှုန်းရှိတဲ့ အရက် ၁.၂၅ လီတာ (ခန့်မှန်းချေအားဖြင့် 45 ml ရှိတဲ့ Shots 27 ခွက်) ကို သောက်လိုက်ရင် အသက်အန္တရာယ်ထိခိုက်စေပါတယ်။ ဒါပေမယ့် အဲ့ဒီအရက်တွေကို မအန်ဘဲ ၁ နာရီအတွင်းသောက်မှသာ အန္တရာယ်ရှိတာဖြစ်ပါတယ်။
စီးကရက်
စီးကရက် ၁လိပ်မှာ နီကိုတင်းဓာတ် 0.8 mg ပါဝင်တာကြောင့် တစ်နေ့တည်း ဆေးလိပ် ၇၅ လိပ်ကုန်အောင် သောက်ရင် အသက်အန္တရာယ်ရှိပါတယ်။