နာမည်ကြီး အဆိုတော် Kelly Clarkson က သူ့ရဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့တုန်းက သာမန် ကိတ်မုန့်မဟုတ်ဘဲ ထူးခြားတဲ့ ကိတ်မုန့် ၂ လုံးရရှိခဲ့ပါတယ်။

ပထမ မွေးနေ့ကိတ်မှာ The Voice သီချင်းဆို ပြိုင်ပွဲမှာ ဒိုင်လုပ်နေတဲ့ Kelly Clarkson ကို ဖော်ညွှန်းထားတဲ့ ကိတ်မုန့်ဖြစ်ပါတယ်။

ဒီကိတ်မုန့်ကို The Voice သီချင်းဆိုပြိုင်ပွဲက ဝန်ထမ်းတွေက ဧပြီလ ၂၄ ရက်နေ့က မွေးနေ့မှာ ဆင်နွဲဖို့ မှာယူပေးခဲ့တာပါ။

ဒုတိယ မွေးနေ့ကိတ်က အချုပ်အလုပ် ဝါသနာပါတဲ့ အဆိုတော် Kelly Clarkson ရဲ့ ဝါသနာကို ရည်ညွှန်းတဲ့ ချည်လုံးတွေ၊ အပ်ချည်၊ ကတ်ကြေးတွေ တန်ဆာဆင်ထားတဲ့ ကိတ်မုန့်ကို ရရှိခဲ့ပါတယ်။

ဒီလို လှပ သေသပ်ပြီး စိတ်ကူးဥာဏ်ကောင်းတဲ့ ကိတ်မုန့်တွေကိုတော့ အမေရိကန်ပြည်ထောင်စု၊ Los Angeles က Big Sugar ကိတ်မုန့်ဆိုင်ကနေ မှာယူပြီး ပြုလုပ်ပေးခဲ့တာပါ။

Kelly Clarkson က ဒီကိတ်မုန့်က အရမ်းလည်းလှသလို၊ အရသာလည်း ရှိပါတယ်။ အခုလို အံ့သြဖွယ် ကိတ်မုန့်ကို လုပ်ဆောင်ပေးတဲ့ Big Sugar ဆိုင်နဲ့ The Voice အဖွဲ့သားတွေကို သူ့ Instagram အကောင့်ကနေ ကျေးဇူးတင်ခဲ့ပါတယ်။