ကန်စွန်းဥများက အာဟာရများ ကြွယ်ဝစုံလင်စွာပါဝင်ပြီး အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ သိပ္ပံနည်းကျကျ လေ့လာချက်များအရ ကန်စွန်းဥက ကိုယ်အလေးချိန်ကျဖို့အတွက် ကူညီပေးတယ်လို့ သက်သေပြထားကြပါတယ်။

ဝိတ်ကျဖို့အတွက် ကန်စွန်းဥကို ဘယ်လိုစားသုံးရမလဲ။ ဝိတ်ကျချင်သူတွေအတွက် ကန်စွန်းဥက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဝိတ်ကျချင်သူများအတွက် ကန်စွန်းဥ Diet

Source: wellandgood.com

ကန်စွန်းဥများကို ၃ ရက်တိတိစားပေးရမှာပဲဖြစ်ပါတယ်။ ၃ ရက်တိတိကို ကန်စွန်းဥချည်းပဲ စားပေးပြီးတဲ့နောက်မှာ ကိုယ်အလေးချိန် ၄ ပေါင်ခန့် လျော့ကျသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

ဘာ့ကြောင့် ကန်စွန်းဥက ဝိတ်ကျဖို့အတွက် ကူညီပေးနိုင်တာလဲ

ကယ်လိုရီနည်းပါးစွာပါဝင်ခြင်း

၁၂၀ ဂရမ်လေးတဲ့ ကန်စွန်းဥတစ်လုံးမှာ ၁၁၂ ကယ်လိုရီသာပါဝင်ပါတယ်။ ကန်စွန်းဥ ၂ လုံးစားမယ်ဆိုရင်တောင် ၂၅၀ ကယ်လိုရီပဲ ရရှိမှာမို့ ဗိုက်မြန်မြန်ပြည့်စေပြီး အစား စားချင်စိတ်ကို ထိန်းထားပေးနိုင်ပါတယ်။

အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း

ကန်စွန်းဥထဲမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးခြင်းအပြင် ဝိတ်ကျဖို့အတွက်ပါ ကူညီပေးနိုင်ပါတယ်။

ဝိတ်ကျချင်သူများအတွက် သုံးရက်စာ ကန်စွန်းဥ Diet

ပထမရက်မှာ မနက်စာအဖြစ် ကြက်ဥပြုတ် တစ်လုံး၊ ကန်စွန်းဥပြုတ်တစ်လုံးနှင့် Green Tea တစ်ခွက်တို့ကို သောက်သုံးပေးလိုက်ပါ။ နေ့လည်စာအဖြစ် ကန်စွန်းဥပြုတ် တစ်လုံး၊ ကြက်သား (သို့) ငါးကင် ၃ အောင်စခန့်နှင့် ဒိန်ချဉ် တစ်ဖန်ခွက်တို့ကို စားသုံးပေးလိုက်ပါ။ ညစာအဖြစ်ကိုတော့ ကန်စွန်းဥပြုတ်ဟင်းရည် တစ်ပန်းကန်ကို စားသုံးပေးရပါမယ်။

ဒုတိယရက်မှာတော့ မနက်စာအဖြစ် ကန်စွန်းဥပြုတ် တစ်လုံး၊ ကြက်ဥအကာချည်းပဲ ကြော်ထားသော ကြက်ဥကြော် ၂ လုံးနှင့် ဘလက်ခ်ကော်ဖီ တစ်ခွက်တို့ကို သောက်သုံးလိုက်ပါ။ နေ့လည်စာအဖြစ် ကန်စွန်းဥပြုတ်နှင့် အခြားဟင်းသီးဟင်းရွက်များ စုံလင်အောင် ထည့်သုပ်ထားသော ဟင်းရွက်သုပ် တစ်ပွဲနှင့် နွားနို့ တစ်ခွက်တို့ကို သောက်သုံးပေးလိုက်ပါ။ ညစာအဖြစ်ကိုတော့ ကန်စွန်းဥပြုတ် ၁ လုံး၊ ရေနွေးဖျောထားသော ပန်းဂေါ်ဖီစိမ်း အနည်းငယ်နှင့် ကြက်သား (သို့) ငါးကင် (သို့) တို့ဖူး ၃ အောင်စခန့်တို့ကို စားသုံးပေးရပါမယ်။

တတိယရက်မှာတော့ မနက်စာအဖြစ် ကန်စွန်းပြုတ် တစ်လုံး၊ အယ်လ်မွန်စေ့ ၄ လုံး၊ ငှက်ပျောသီးတစ်လုံး နှင့် Green Tea တစ်ခွက်တို့ကို သောက်သုံးပေးလိုက်ပါ။ နေ့လည်စာအဖြစ် ကန်စွန်းဥပြုတ်ဟင်းရည်တစ်ခွက်၊ ပေါင်မုန့်မီးကင် တစ်ချပ်နှင့် ဒိန်ချဉ်တစ်ခွက်တို့ကို စားသုံးပေးလိုက်ပါ။ ထို့နောက် ညစာအဖြစ် ကန်စွန်းဥထောင်း၊ ပန်းဂေါ်ဖီဟင်းရွက်ကြော်နှင့် မှိုကင်တို့ကို အရသာရှိရှိ လုပ်စားလိုက်ပါ။

Source: Stylecraze.com