[Unicode]
မန်ကျည်းသီးကို သဘာဝအတိုင်း ဖျော်သောက်ကြည့်ရအောင်။
အတာအိုးလို မြေအိုးထဲကို ရေ မပြည့်တပြည့်ထည့်ပါ။ မကျည်းသီး လက်တစ်ဆုပ်ခန့်ကို ထည့်ပါ။
ထန်းလျက် အလုံးအသေးလေး ၁၅ လုံးခန့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို အိုးထဲထည့်ပါ။ အိုးကို မမွှေပါနဲ့။ မွှေရင် အမှုန်တွေ ထလာပါလိမ့်မယ်။
အပေါ်ကို တက်လာတဲ့ အရည်ကြည်ကိုပဲ သောက်ပါ။ မန်ကျည်းဖျော်ရည်သည် အမော ပြေစေပြီး ကျန်းမာရေး အာဟာရတွေလည်း အများကြီး ရှိပါတယ်။
ကိုယ်ခံအားကို အားကောင်းစေ
မန်ကျည်းဖျော်ရည်က ဖျားနာခြင်း နှင့် ရောဂါ ပိုးမွှား ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
မျက်စိကျန်းမာရေးအတွက် ကောင်းမွန်
မန်ကျည်းဖျော်ရည်သည် မျက်သားခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ဇီဝကမ္မဖြစ်စဉ်
မန်ကျည်းဖျော်ရည်သည် ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။
အစာအိမ် ကျန်းမာရေးအတွက် ကောင်းမွန်
မန်ကျည်းဖျော်ရည်သည် အစာအိမ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတာကြောင့် ဝမ်းမှန်တဲ့အပြင် ဝမ်းပျက်ဝမ်းလျှောတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
[Zawgyi]
ဇီဝကမ္မဖြစ်စဉ်