ကင်ဆာဟာ ယနေ့ခေတ် လူသားတွေကို အခြိမ်းခြောက်ဆုံး ရောဂါဆိုလည်း မမှားပါဘူး။ ဟုတ်ပါတယ် ကင်ဆာဟာ ကြောက်စရာပါ။ ဒါပေမယ့် ဒီရောဂါကို ကာကွယ်ဖို့ အတွက် နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုများပါလဲ။ ကိုယ်ရဲ့ ဘဝနေထိုင်မှုကို ကိုယ် ပြန်ပြီး ဆန်းစစ်ရပါမယ်။ အစားအသောက်နဲ့ အနေအထိုင်တွေကို ပြုပြင်သင့်ရင် ပြုပြင်ရပါမယ်။

၁။ အချိုရည်တွေကို ဖြတ်လိုက်ပါ

သကြားများတဲ့ အချိုရည်တွေဟာ ဆီးချိုနဲ့ အဝလွန်ခြင်းကိုပါ ဦးတည်နေပါတယ်။ အချိုရည် များများ သောက်တတ်တဲ့လူဟာ ကင်ဆာဖြစ်နိုင်ချေ ၈၇% ရှိပါတယ်။

၂။ ကစီဓာတ်ပါတဲ့ အစာ စားပေးပါ

ငှက်ပျောသီး၊ ထမင်း၊ ပဲတွေဟာ အူမကြီး ကင်ဆာမဖြစ်စေနိုင်ပါဘူး။ အနီရောင် အသားတွေ အလွန်အကျွံ စားခြင်းဟာ အူကို သိပ်မကောင်းပါဘူး။ ဘာကြောင့်ပဲ စားစား ကိုယ်စားတဲ့ အစား အစာတွေကို ချင့်ချိန်ပြီး စားသင့်ပါတယ်။

၃။ အထိုင်လျှော့ပြီး လမ်းလျှောက်ပေးပါ

 

ကင်ဆာရောဂါ ဖြစ်ပွားသူရဲ့ ၂၄%ဟာ အထိုင်များတဲ့ အတွက်ကြောင့်လို့ သုတေသန တစ်ခုက ထုတ်ပြန်ထားပါတယ်။ TV ကို အချိန်ကြာမြင့်စွာ ကြည့်ခြင်းက ကင်ဆာဖြစ်နိုင်ချေ ၅၄% ရှိ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု များများ လုပ်ပေးပါ။

၄။ ပန်းပွင့်စိမ်းစားပါ

ပန်းပွင့်စိမ်းဟာ ကင်ဆာကို ကာကွယ်နိုင်တဲ့ အစွမ်းထက် အစားအစာပါ။ သူ့ကို ပုံမှန် စားပေးသင့်ပါတယ်။

၅။ ကြက်သွန်ဖြူစားပါ

ကြက်သွန်ဖြူဟာ ကိုယ်ခံအားကို ကောင်းစေပြီး ကင်ဆာဆဲလ်တွေကို ကာကွယ်နိုင်ပါတယ်။

၆။ အသီးအရွက်များများစားပါ


အသီးအရွက်တွေကို စားတဲ့အခါမှာလည်း ရေစင်အောင် ဆေးပြီးမှ စားပေးပါ။ အချို့အရွက်တွေဆိုရင် ဆားနဲ့ ရေစိမ်ပြီးမှ စားပါ။

၇။ တစ်နေ့ကို ၁၅မိနစ် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ပါ

လူရဲ့ ကိုယ်ဟာ ဗီတာမင်ဒီ ၉၀%ကို နေရောင်ခြည်ကနေ ရယူထားပါတယ်။ အစားအစာတွေ အခြားဓာတ်စာတွေ မပါဝင်ပါဘူး။ ဒါ့ကြောင့်မို့ နေရောင် မထိတွေ့ဘဲ နေခြင်းဟာ ကင်ဆာဆလဲ တွေ ကိန်းအောင်းနေဖို့ အားပေးရာ ရောက်ပါတယ်။

၈။ Green Tea သောက်ပါ

Green Tea ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်စွမ်း ရှိပြီး အခြားကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။