ရာသီဥတု အပြောင်းအလဲမှာ ကိုယ်ခံအားစနစ် ကောင်းမွန်မှသာ တုပ်ကွေးနဲ့အခြား ရောဂါတွေ မဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ခုခံအား စနစ်ကို ကောင်းမွန်စေဖို့ ဘယ်လို အရာတွေက ကူညီပေးနိုင်သလဲဆိုတာ ဒေါက်တာခင်မိုးမိုးရဲ့ ဆောင်းပါးလေးကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်။

Multi-Vitamins

၁။ Multi-Vitamins အားဖြည့်ဆေး မှီဝဲပါ

ဗီတာမင်မျိုးစုံ ပါဝင်သော အားဖြည့်ဆေးကို မှီဝဲခြင်းကြောင့် အအေးမိနဲ့ တုပ်ကွေးရောဂါ အပါအဝင် ရောဂါပိုး ဝင်ရောက်နိုင်ခြေ ၇၆ ရာခိုင်နှုန်းထိ ေ
လျှာ့ချနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

singing-together

၂။ သီချင်းဆိုပါ

သီချင်းဆိုတာ ဒါမှမဟုတ် သီချင်းသံ နားထောင်ရတာကြောင့် ဗိုင်းရပ်စ်ပိုးမွှားတွေကို ခုခံနိုင်တဲ့ ခန္ဓာကိုယ်တွင်း IgA (Immunoglobulin – A) ခေါ်တဲ့ ပဋိပစ္စည်းအဆင့် မြင့်တက်လာပါတယ်။

Loving couple lying in bed

၃။ ပဋိပစ္စည်း များများရအောင် Sex ပြုလုပ်ပါ

တစ်ပတ်ကို တစ်ကြိမ် Sex ပြုလုပ်ပါက ရောဂါကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းအဆင့် ၃၀ ရာခိုင်နှုန်း မြင့်တက်လာတာကြောင့် ခုခံအားစနစ် ပိုမိုကောင်းမွန် လာနိုင်ပါတယ်။

breakfast

၄။ နံနက်စာ စားပါ

ဒပ်ချ်မှ လေ့လာမှု တစ်ခုအရ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေး ကောင်းမွန်တဲ့ အဆီပါဝင်တဲ့ နံနက်စာစားတာကြောင့် ခန္ဓာကိုယ်မှ ဗိုင်းရပ်စ်တွေကို တွန်းလှန်နိုင်တဲ့ပစ္စည်း Gamma Interferon အဆင့် ၄၅၀ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

seafood

၅။ ပင်လယ်စာ စားပါ

ပုစွန်၊ ကဏန်း၊ ခရု ဒါမှမဟုတ် တခြား ပင်လယ်စာတွေကို သင် အပတ်စဉ်စားတဲ့ အစာထဲမှာ ထည့်သွင်းစားတာကြောင့် အအေးမိဝေဒနာ ဒါမှမဟုတ် တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို ၄၂ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ပင်လယ်စာတွေမှာ အနာကျက်မြန်စေတဲ့ ဆီလီနီယမ်နဲ့ သွပ်ဓာတ်တွေ ပါဝင်လို့ပါ။

Credit: Good Health