ကဖောင်းဟင်း က ထိုင်း အစားအစာ တမျိုးဖြစ်သလို  ထိုင်းနိုင်ငံရောက်ရင် ကဖောင်ဟင်းစားဖို့ မှာချင်ပါတယ်။ ကဖောင်း ဟင်း ကတော့ မြန်မာ ပါးစပ်နဲ့ ကိုက်ညီတဲ့အတွက် လူကြိုက်များကြပါတယ်။

ဝက်ခေါက်ကင်  ကဖောင်၊ ပင်လယ်စာ ကဖောင်၊ ဝက်သားတောက်တောက်စင်း ကဖောင် ဆိုပြီးတော့ စားသောက်ဆိုင်တိုင်းမှာ ရနိုင်ပါတယ်။ ကဖောင် ဆိုတာကတော့ အရွက်တမျိုးပါပဲ။ ရန်ကုန်မှာဆိုရင်တော့ ကဖောင်ကို သံဈေး (တရုတ်တန်းဈေး) တွေမှာလည်း ဝယ်ယူလို့ ရပါပြီ။

လိုအပ်တဲ့ – ပစ္စည်းတွေကတော့ 

  • ကဖောင်ရွက် – အနည်းငယ်
  • ပဲထောင့်ရှည် – အနည်းငယ်
  • ပင်လယ်စာ – (ပုဇွန်၊ ပြည်ကြီးငါး တွေပါပဲ)
  • ခရုဆီ

  • ပဲငံပြာရည်
  • ဆီ
  • ကြက်သွန်နီ
  • ဆား

ချက်နည်း ကတော့

၁။ ကဖောင်းရွက် အနည်းငယ် ကို ရေဆေးပါ။ ပဲတောင့်ရှည် တတောင့်ကို ရေဆေးပြီး သေးသေးလေးလှီးပါ။

၂။ ပင်လယ်စာ ကို ရေဆေးပြီး။ ဆား၊ ပဲငံပြာရည် နယ်ထားပါ။

၃။ ငရုပ်သီး စိမ်း နဲ့ကြက်သွန်ဖြူ ကို ရောထောင်းပါ။ မထောင်းချင်ရင်တော့ တောက်တောက်စင်းလို့ရပါတယ်။ ဒါပေမယ် ထောင်းတဲ့ အရသာ က ပိုပြီး ကောင်းပါတယ်။

၎။ အိုးထဲကို ဆီ အနည်းငယ် ထည့်ကာ။ ဆီပူလာပါက ထောင်းထားတဲ့ ငရုပ်သီး နဲ့ ကြက်သွန်ဖြူ ကို ထည့်ပြီး မွှေလိုက်ပါ။

နောက်  ဆား၊ပဲငံပြာရည် နယ်ထားတဲ့ ပင်လယ်စာကို ထည့်လိုက်ပါ။ ခရုဆီကို ပါတခါတည်း ထည့်ပြီး။ ပဲတောင့်ရှည်နဲ့ ကဖောင်းရွက်ကိုပါ ထည့်လိုက်ပါ။

အပေါ်အောက်မွှေပေးလိုက်ပါ။။ အိုးအဖုံး ဖုံးစရာမလိုပါဘူး။ ပင်လယ်စာက အကျက်လွယ်ပါတယ်။

ကိုယ်လိုချင်တဲ့ အရသာ ချို၊ ငန်၊ စပ် အရသာ ရပြီဆိုရင်တော့ ပင်လယ်စာ ကဖောင်စားလို့ရပါပြီ။