Green Tea က အရသာလည်း ကောင်းပြီး အရွယ်တင်နုပျိုကာ ကျန်းမာရေး အာဟာရဓာတ်တွေလည်း များတာကြောင့် လူတွေကြိုက်နှစ်သက်ကြပါတယ်။

Green Tea က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရုံသာမက သွေးထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင်ကိုယ်အလေးချိန် ကျဆင်းချင်သူတွေလည်း သောက်သုံးသင့်ပါတယ်။

ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတဲ့အပြင် Antioxidants တွေလည်း အများကြီးပါဝင်ပါတယ်။

ဒါပေမယ့် အရသာကောင်းတဲ့ Green Tea ရဖို့ ရေဘယ်လောက်ထည့်ရမလဲ၊ အရွက်တွေ ဘယ်လောက်ထည့်ရမလဲဆိုတာတော့ သိဖို့ လိုအပ်ပြန်ပါတယ်။

အဆင့် ၁။

Green Tea အရွက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရေ ၂ ခွက် (500 ml)

ရေ ၂ခွက်ကို ဒယ်အိုးထဲထည့်ပြီး ဆူအောင် ကျိုလိုက်ပါ။ Green Tea လုပ်ဖို့အတွက် ပွက်ပွက်ဆူအောင် တော့ ကျိုစရာမလိုပါဘူး။ ပူပေါင်းလေးတွေဖြစ်လာရင် မီးကိုပိတ်လိုက်ပါ။

အဆင့် ၂။

လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးခရားထဲထည့်လိုက်ပါ။ Green Tea အရွက်က ကော်ဖီလို မျိုးစုံရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အရွက်ကို ဝယ်ထားပါ။

အဆင့် ၃။

ဒယ်အိုးထဲက ရေကို ရေနွေးခရားထဲထည့်လိုက်ပါ။ အိုးပေါ်က ဆူဆူပြီးချင်း ရေနွေးကို မထည့်လိုက်ပါနဲ့။ ရေနွေးကို ၁ မိနစ်၊ ၂ မိနစ်လောက်ထားပြီး မှ ရေနွေးခရားထဲကိုထည့်ပါ။ ရေနွေးအပူချိန် ၈၀ ဒီဂရီ ဆဲစီရက်စ် လောက်ဆို ပိုကောင်းပါတယ်။

အဆင့် ၄။

Green Tea အရွက်တွေက အရမ်းနူးညံ့တာကြေင့် အချိန်အကြာကြီးနှပ်စရာမလိုပါဘူး။ ၂ မိနစ် ၃ မိနစ်လောက်နှပ်ပြီးရင် အကောင်းဆုံးအနံ့နဲ့အရသာ ရပါပြီ။ နှပ်တာကြာသွားရင် ခါးတဲ့အရသာဖြစ်သွားပါလိမ့်မယ်။

အဆင့် ၅။

ရေနွေးကြမ်းကို ခွက်ထဲလောင်းထည့်ပြီး ပူနေတုန်းသောက်ပါ။ အချိုလိုချင်ရင် သကြား သို့ ပျားရည်ထည့်လို့ရပါတယ်။

Source: FabHow

Featured Image Source: tastingtable.com