အခုအချိန်မှာ နာနတ်သီးတွေ ပေါပေါများများစျေးထဲမှာကို ရနေပါပြီ။ နာနတ်သီးကို ကိုယ်တိုင်လည်း မခွဲတတ်၊ စျေးထဲမှာ သူများခွဲထားတာလည်း မသန့်မှာစိုးလို့ မဝယ်စားဖြစ်တဲ့သူတွေရှိကြပါတယ်။

နာနတ်သီးကို လွယ်ကူရိုးရှင်းစွာ ခွဲနိုင်တဲ့နည်းလမ်းလေးကို ဝေမျှချင်ပါတယ်။

အဆင့်(၁)

အရင်ဆုံး နာနတ်သီးကို စဉ်းနှီတုံးပေါ်တင် ထိပ်ပိုင်းကို ဖြတ်လိုက်ပါ။

အဆင့် (၂)

အသီးရဲ့ အနောက်ကိုလည်း ဖြတ်လိုက်ပါ။

အဆင့် (၃)

အသီးရဲ့ ဘေးဖက်တွေကိုလည်း လှီးထုတ်လိုက်ပါ။

အဆင့် (၄)

အသီးမှာ ကျန်နေတဲ့ မျက်လုံးပုံစံ အကွက်လေးတွေကို ဓားလေးတွေစောင်းပြီး ပုံမှာအတိုင်းလှီးလိုက်ပါ။

အဲ့လိုလှီးထဲအခါမှာ ဓားကို စောင်းပြီး အရမ်းမနက်ဘဲ၊ မျက်လုံးပုံစံအကွက်လေးတွေကို ဖယ်ထုတ်လိုက်ပါ။

အဆင့် (၅)

အသီးကို အပေါ်ကနေ ၄ ပိုင်းဖြစ်အောင် လှီးထုတ်လိုက်ပါ။

အဆင့် (၆)

အလယ်အူတိုင်ကို ပုံထဲမှာအတိုင်း အပေါ်ကနေ အောက်ကို လှီးပြီး ဖယ်လိုက်ပါ။

အဆင့် (၇)

အမြှောင်းလိုက်လေးတွေကို ဒေါင်လိုက်ထားပြီး ဓားနဲ့ အလျားလိုက် အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပါ။

အဆင့် (၈)

ကဲဒါဆိုရင်တော့ အရသာရှိပြီး လှပတဲ့ အသီးလေးတွေကို စားသုံးလို့ရပါပြီ။

Photo Credit: Serious Eats