“သွားကိုက်တာ သိပ်ကိုခံရခက်တာပဲ” လို့ ညည်းတွားသံကို ကျွန်မတို့ကြားဖူးကြပါတယ်။ သွားကိုက်တာ ဘယ်လောက်ဆိုးသလဲဆိုတာတော့ ခံစားဖူးတဲ့သူတိုင်း သိကြမှာပါ။

သွားကိုက်တာဟာ ကျွန်မတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေ သာယာတဲ့ ညတွေကို ဖျက်ဆီးနိုင်ပါတယ်။ ခံတွင်းထဲမှာ နာကျင်ကိုက်ခဲနေတာက သည်းမခံနိုင်စရာတစ်ခုဖြစ်သလို စားချင်တာမစားရတာကလည်း ခံရခက်လှပါတယ်။ ဒီနေ့မှာတော့ သွားကိုက်တာကို သက်သာရာရစေဖို့ မိမိအိမ်မှာ အလွယ်တကူူ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

Woman with toothache

၁။ ပူနွေးတဲ့ ဆားရေနဲ့ ပလုတ်ကျင်းပါ။

ရေနွေးခွက်တစ်ခွက်ထဲမှာ ဆားကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ဖျော်လိုက်ပါ။ သွားကိုက်နေတဲ့ နေရာမှာ ဆားရေကိုငုံထားပေးပါ (သို့) စားကျွင်းစားကျန်တွေဖယ်ရှားနိုင်ဖို့ ဆားရေးနဲ့ ပလုတ်ကျင်းပါ။

၂။ ခေါင်းကို မော့ထားပါ။

ဦးခေါင်းကို မော့ထားပေးတာဟာ သွားပတ်ပတ်လည်မှာ ဖြစ်နေတဲ့ နာကျင်မှုကို သက်သာစေပါတယ်။

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ တစ်စိတ်ကိုယူပြီး ထက်ခြမ်းခြမ်းကာ ကိုက်နေတဲ့ သွားပေါ် ဖိထားပေးပါ။ ကြက်သွန်ဖြူမှာ အနာကိုက်သက်သာစေတဲ့အာနိသင် နဲ့ ပိုးသတ်ဆေးတာနိသင်တွေပါဝင်တာကြောင့် နာကျင်ကိုက်ခဲမှုကို လျှော့ချပေးနိုင်မှာပါ။

၄။ ပါးပြင်းပေါ်မှာ ရေခဲကပ်ပေးပါ။

home-remedies-for-tooth-pain

ရေခဲတုံးအနည်းငယ်ကို ထုတ်ပိုးပြီး သွားကိုက်နေတဲ့ဖက်က ပါးပြင်ပေါ်မှာ ဖိပေးထားပါ။ ရေခဲကပ်ထားတာကြောင့် ထုံလာပြီး နာကျင်မှုကို ခံနိုင်ရည်ရှိသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ရေခဲတုံးကို သွားပေါ် တိုက်ရိုက်ကပ်တာမျိုး မလုပ်ရပါဘူး။

၅။ ဟိုက်ဒရိုဂျင် ၃%နဲ့ ပလုတ်ကျင်းမယ်။

သွားအသစ်ပေါက်လာတဲ့အခါ ဒါမှမဟုတ် သွားဖုံးနာကျင်မှုကြောင့် ဖြစ်ရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဟိုက်ဒရိုဂျင်ရေသုံးပြီး ဖြေရှင်းနိုင်ပါတယ်။  ဟိုက်ဒရိုဂျင်ရေက စားကျွင်းစားကျန်တွေအားလုံးကို ဖယ်ရှားပေးမှာဖြစ်ပြီး နာကျင်ကိုက်ခဲမှု သက်သာလာပါလိမ့်မယ်။ ဟိုက်ဒရိုက်ဂျင်ကို ခဏငုံထားပြီး ထွေးထုတ်ပစ်ရမှာပါ။

၆။ လက်ဖက်အိတ်

dip

နွေးနေတဲ့ လက်ဖက်အိတ်ကို သွားပေါ်ကပ်ပေးပါ။ အဲဒီနည်းလမ်းဟာ သွားကိုက်တာကို သက်သာပျောက်ကင်းစေတဲ့ ရိုးရာနည်းလမ်းတစ်ခုပါပဲ။

၇။ နာကျင်မှုအတွက်ဆေး

bottle-of-aspirin

နာကျင်ကိုက်ခဲမှုကို ခံနိုင်ရည်မရှိတော့တဲ့အခါ အက်စပရင် (Aspirin) ဆေး (သို့) တခြားအထောက်အပံ့ဖြစ်စေတဲ့ ဆေးတွေကို အသုံးပြုနိုင်ပါတယ်။

မှတ်ချက်။ ။ အက်စပရင် (Aspirin) ဆေးကို သွားပေါ်မှာ တိုက်ရိုက်ဖိမထားပါနဲ့။ လူအများစုက အက်စပရင် (Aspirin) ဆေးကို ထပ်ခြမ်းခြမ်းပြီး သွားပေါ်မှာ ဖိထားတတ်ကြပါတယ်။ တကယ်တော့ သွားနဲ့ သွားဖုံးနားမှာ လုံး၀ မထားရပါဘူး။ အဲဒီလိုထားမယ်ဆိုရင် သစ်ရှုးတွေကို ပျက်ဆီးစေနိုင်ပြီး သွားဖုံးလောင်ကျွမ်းသွားနိုင်ပါတယ်။