မီးဖိုချောင်က အိမ်တစ်အိမ်ရဲ့အသည်းနှလုံးလို့ တင်စားမယ်ဆိုရင် စာဖတ်သူတို့ သဘောတူကြရဲ့လား။ မီးဖိုချောင်ထဲမှာ အရသာရှိတဲ့အစားအသောက်တွေ ဖန်တီးရတဲ့အတွက်ကြောင့် ယခုလိုတင်စားလိုက်ရခြင်းဖြစ်ပါတယ်။

အရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ဖို့အတွက် သင့်ရဲ့မီးဖိုချောင်ကလည်း သန့်ရှင်းသပ်ရပ်နေဖို့လိုပါတယ်။ မီးဖိုချောင်က ညစ်ညစ်ပတ်ပတ်နဲ့ အနံ့အသက်ဆိုးတွေထွက်နေမယ်ဆိုရင်တော့ ဘယ်သူမှ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ချင်မှာမဟုတ်ပါဘူး။

ဒါဆိုရင် မီးဖိုချောင်လေးက အမြဲတမ်းသပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းဖြစ်နေအောင် ဘယ်လိုခင်းကျင်းပြင်ဆင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ဟင်းချက်ဇွန်းအကြီးနှင့် အသုံးအဆောင်ပစ္စည်းများကို ချိတ်ဆွဲထားပြီး နေရာတကျ စီထားပါ။

ဟင်းခပ်မှုန့်များကို ဖန်ပုလင်းထဲထည့်ထားပြီး အံဆွဲထဲ ထည့်သိမ်းထားပါ။

အရောင်တောက်ပသော သစ်သီးများဖြင့် မီးဖိုချောင်ကို အလှဆင်ထားပါ။

မီးဖိုချောင်ရှိအမှိုက်ပုံးကို အနံ့အသက်ဆိုးများ ခိုအောင်းမနေအောင် ပြုလုပ်ပါ။

အရင်ဦးဆုံးအမှိုက်ပုံးထဲသို့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ နာရီအနည်းငယ်ကြာ ထားပြီးနောက် ရေဖြင့် ဆေးကြောလိုက်ပါ။ ဒါဆိုရင် ထိုအမှိုက်ပုံးထဲမှာ ရှိတဲ့ အနံ့အသက်ဆိုးများ ပျောက်ကင်းသွားပါပြီ။

နောက်နည်းလမ်းတစ်မျိုးကတော့ သံပုယိုသီး (သို့) သံပုရာသီးခွံများကို အမှိုက်ပုံးထဲ ထည့်ထားရမှာပဲဖြစ်ပါတယ်။

ဘူးများကို အမျိုးတူရာစုထားပါ

ထမင်းဘူးများ၊ ပလပ်စတစ်ဘူးခွံများကို တစ်ဘူးချင်းစီ သိမ်းထားမယ့်အစား မျိုးတူရာများကို ထပ်ပြီး စုထားမယ်ဆိုရင် နေရာလွတ်ပိုထွက်လာပါလိမ့်မယ်။

မီးဖိုချောင် ကြမ်းခင်းများကို တစ်ပတ်တစ်ခါ သန့်ရှင်းရေး ပြုလုပ်ပါ

ကြမ်းခင်းများကြားထဲတွင် မုန့်ဖုတ်ဆိုဒါဖြူးထည့်ကာ ရေအနည်းဖြန်းပက်ကာ ဘရက်ရှ်ဖြင့် ပွတ်တိုက်ပေးရုံနဲ့ အလွယ်တကူပြောင်စင်သွားပါလိမ့်မယ်။

ရနံ့မွှေးသော ဆေးဖက်ဝင်အပင်များ စိုက်ပျိုးပါ

ထိုကဲ့သို့ စိုက်ပျိုးထားခြင်းအားဖြင့် သင့်ရဲ့မီးဖိုချောင်လေးက ရနံ့များသင်းပျံ့နေမှာဖြစ်ပြီး  စိတ်ကို လန်းဆန်းစေပါလိမ့်မယ်။

လက်သုတ်ပုဝါများကို အမြဲသန့်ရှသ်းနေအောင် ထားပါ။

လိုးရှင်းဘူးများ ကုန်သွားတဲ့အခါ ပန်းကန်ဆေးဆပ်ပြာရည်များ အစားထိုးထည့်ပြီး ပန်းကန်ဆေးဆပ်ပြာဘူးကို လှလှပပလေးထားပါ။

ရေခဲသေတ္တာတံခါးလက်ရန်းများကိုလည်း သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။

ရေခဲသေတ္တာကို အတွင်းနံရံနဲ့ စင်များကိုသာ သန့်ရှင်းရေး လုပ်ပေးရရုံသာမက အပြင်မျက်နှာပြင်များကိုလည်း သန့်ရှင်းရေးလုပ်ပေးမှသာ သင့်မီးချောင်က ကြည့်လိုက်တာနဲ့ မျက်စိပသာဒဖြစ်နေမှာပါ။

ဒီအချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင်တော့ သင့်မီးဖိုချောင်က အမြဲတမ်း သန့်ရှင်းသပ်ရပ်နေမှာပဲဖြစ်ပါတယ်။

Source: Tasteofhome.com