အုန်းစိမ်းရည်သောက်တာတို့၊ အုန်းသီးအသားတို့က စားလို့ကောင်းလှပါတယ်။ တချို့ဆိုင်တွေမှာဆိုရင် အခွံခွာပြီးသား အလုံးတွေကို ရောင်းကြပါတယ်။

ဒါ့ကြောင့် အုန်းသီးကို အလွယ်တကူ ခွဲလို့ရတဲ့နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

ပထမနည်း (၁) ဓားနဲ့ တူကို အသုံးပြုခြင်း။

အုန်းသီး၊ တူ၊ ဓား

အဆင့် (၁) အုန်းသီးရဲ့ မျက်လုံးတစ်ဖက်ကို ဓားနဲ့စိုက်ထည့်လိုက်ပြီး အုန်းရည်တွေကို ခွက်ထဲကိုမှောက်ထည့်လိုက်ပါ။

အဆင့် (၂) အုန်းသီးရဲ့ အလယ်ပိုင်းမှာ တူလေးနဲ့ ခပ်စပ်စပ် လိုက်ထုလိုက်ရင် အလယ်ကနေ ကွဲလာပါလိမ့်မယ်။

အဆင့် (၃) အုန်းသီး ၂ ခြမ်းကွဲသွားပြီးတဲ့နောက်မှာ တူလေးနဲ့ အုန်းသီးအခွံကို ခေါက်ပြီး အုန်းသီးအသားတွေကို ထုတ်ယူလို့ရပါတယ်။

နောက်ထပ်တစ်နည်းကတော့ အုန်းသီးနဲ့ တူကို အသုံးပြုတဲ့နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

အုန်းသီး၊ တူ

အဆင့် (၁) အုန်းသီးကို ရေခဲသေတ္တာထဲထည့်ထားပါ။

အုန်းသီးကို ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ ၁၂ နာရီလောက်ထည့်ထားပါ။

အဆင့် (၂) အုန်သီးကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပါ။

အုန်းသီးကို အအေးခန်းထဲကနေ ၁၂ နာရီလောက်ထားပြီးရင် ထုတ်လိုက်ပါ။

အဆင့် (၃) အုန်းသီးကို ခွဲလိုက်ပါ။

အုန်းသီးက အေးခဲနေတဲ့ အချိန်မှာ အခွံတွေကလည်း မာနေပါတယ်။ အခွံကို စက်ဝိုင်းပုံစံလောက် တူနဲ့ ထုလိုက်ပါ။ ဒါဆိုရင် အခွံက အက်သွားပြီး အုန်သီးအသားတွေ ထွက်လာပါတယ်။

Photo Credit: fab.How