၀သူတွေ ပိန်ချင်ပြီး ပိန်သူတွေဟာ ဝလာချင်ကြပါတယ်။ ဘယ်လိုပုံစံများပဲ အလိုရှိရှိ ပြုလုပ်ရမှာက ၃မျိုးပါပဲ။ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ အနားယူမှု ပုံစံတွေပါပဲ။ ဒါတွေကို အချိုးညီစွာ ပြုလုပ်ပေးမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံ ရရှိစေမှာပါ။
၁။ တစ်နေ့ အနည်းဆုံး ထမင်း ငါးကြိမ် စားပါ။ ဒါမှ ကယ်လိုရီ များများ ရရှိမှာ ဖြစ်ပါတယ်။ သစ်သီးခြောက်၊ ဒိန်ချဉ်၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို များများထည့် စားပါ။ သင့်ကိုယ် အလေးချိန်၊ အရပ်အ မောင်းနဲ့ လှုပ်ရှားမှု အဆင့်ပေါ်မူတည်ပြီး ကယ်လိုရီ လိုအပ်ချက်က ပြောင်းလဲနေ တတ်ပါတယ်။ ပရိုတင်းဓာတ် များများရ ရှိတဲ့ အစာတွေကို စားပေးတာကြောင့် ကြွက်သားသန်စွမ်းအောင် တည်ဆောက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ပဲနီလေး၊ ကုလား ပဲ၊ ပဲစိမ်းစတဲ့ ပရိုတင်းပါဝင်မှု မြင့်မား တဲ့ အစာတွေကို စားပေးပါ။
၂။ ဥအမျိုးမျိုး၊ ငါးနဲ့ အသားတွေအပြင် နို့နဲ့ နို့ထွက် ပစ္စည်းတွေကို များများ စား ပေးပါ။
၃။ မစ်ရှိတ် (Milk Shake)၊ သစ်သီး ဖျော်ရည် စတာတွေကို သောက်တာ ကြောင့် ကိုယ်အလေးချိန်ကို မြင့်တက် စေနိုင်ပါတယ်။
၄။ သံလွင်ဆီ၊ အခွံမာတဲ့ အစေ့အဆန်၊ မြေပဲ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေကို များများ စားပေးပါ။
၅။ သီဟိုဠ်စေ့၊ သဖန်းသီး၊ ငှက်ပျောသီး စတဲ့ သရေစာတွေကို ထမင်းစားချိန်တစ် ချိန်နဲ့ တစ်ချိန်ကြား စားပေးသင့်ပါတယ်။
၆။ သစ်သီးဖျော်ရည်နဲ့ သစ်သီးခြောက် တွေမှာ ကယ်လိုရီအများအပြား ပါဝင် တာကြောင့် သင့်ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။
၇။ အာလူးနဲ့ ပြောင်းဖူးတို့လို ကစီဓာတ် များတဲ့ ဟင်းသီးဟင်းရွက်တွေကို များ များ စားပေးပါ။
တစ်နေ့ကို ၈နာရီ ပုံမှန် အိပ်ပြီး အနားယူပါ။ တင့်တော်မယ့် လေ့ကျင့်ခန်းတွေကို တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးလုပ်ပါ။
Ref: goodhealth