သင်္ဘောသီးကို လူတွေက စားကြပေမယ့် သင်္ဘောသီးစေ့ရဲ့ အကျိုးကျေးဇူးကို မသိတာကြောင့် လွှင့်ပစ်ကြတာများပါတယ်။

သင်္ဘောသီးစေ့မှာ အစာခြေစနစ်ကို အားကောင်းစေပြီး၊ အသည်းကျန်းမာရေးကို ကောင်းစေတဲ့အပြင် အဆီတွေကိုလောင်ကျွမ်းပေးပါတယ်။ အဲ့ဒီအပြင် ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

အစေ့ကို အစိမ်းစားလို့ရ

သင်္ဘောသီး အသေးကို ရွေးချယ်ပါ။ သေးတဲ့ သင်္ဘောသီးမှာပါတဲ့ သင်္ဘောစေ့က စိမ့်သက်သက်အရသာရှိပါတယ်။ ကြီးတဲ့သင်္ဘောသီးမှာပါဝင်တဲ့ အစေ့တွေကတော့ ခါးပါတယ်။

ဖြည်းဖြည်းချင်းစားပါ

ပထမစစ စားချင်းမှာ တစ်နေ့ကို တစ်စေ့၊ ၂ စေ့လောက်ပဲ ဝါးစားပါ။ နောက်မှ ဖြည်းဖြည်းချင်း များများစားသွားပါ။

သင်္ဘောသီးအစေ့တွေမှာ ခါးသက်သက်အရသာရှိတာကြောင့် တခါတည်း အများကြီးစားရင် ဆက်စားချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး။

ပျားရည်နဲ့ ရောစားပါ

သင်္ဘောသီးစေ့မှာ ခါးသက်သက်အရသာရှိတာကြောင့် ပျားရည်နဲ့ ရောစားရင် ပိုကောင်းပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာအပေါ်မူတည်ပြီး ပျားရည်နဲ့ ရောကာစားလို့ရပါတယ်။

ပျားရည်နဲ့ သင်္ဘောသီးစေ့ရောစားရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကပ်ပါးကောင်တွေကိုလည်း သေစေနိုင်ပါတယ်။

အစေ့တွေကို ချေပြီး ဟင်းလျာထဲထည့်ချက်လို့ရ

အရင်ဆုံး အစေ့တွေကို ချေလိုက်ပါ။

အဲ့ဒီ ချေထားတဲ့ အစေ့တွေကို ဝက်သား သို့ကြက်သား ဟင်းလျာတွေချက်ပြုတ်တဲ့နေရာမှာလည်း ထည့်သုံးလို့ရပါတယ်။

Photo Credit: wikiHow