လူတိုင်းက တစ်နေ့ကို ဆံပင်အချောင်း ၇၀ ကနေ ၁၀၀ ကြား ကျွတ်လေ့ရှိပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ အထက် ကျွတ်လာရင်တော့ သတိထားသင့်ပါတယ်။ ထိပ်ပြောင်ခြင်း (Alopecia) တွေဖြစ်လာတတ်ပါတယ်။

ဘာကြောင့် ထိပ်ပြောင်ခြင်း (Alopecia) တွေဖြစ်သလဲ။

  • မျိုးရိုးဗီဇကြောင့်
  • အာဟာရပြည့်ဝတဲ့ အစားအစာ ကောင်းကောင်းမစားခြင်း
  • စိတ်ဖိစီးမှု
  • ဟော်မှုန်းအပြောင်းအလဲရောဂါ (ဥပမာ သွိုင်းရွိုက်ကြောင့်)

  • တခြား ရောဂါတွေ
  • ဓာတ်ရောင်ခြည် ကုထုံးတွေ (ကီမိုသွင်း)
  • သံဓာတ် လျော့နည်း တွေကြောင့်ဖြစ်တတ်ပါတယ်။

ပုံမှန်ထက် ဆံပင်ပိုကျွတ်တာ ဘယ်လို သိနိုင်မလဲ

မနက်အိယာထရင် ခေါင်းအုံးပေါ်မှာ ဆံပင်တွေအများကြီး ကျွတ်နေတာ

ခေါင်းလျှော်တိုင်း ဆံပင်အများကြီးကျွတ်တာ

ဦးရေပြားခြောက်တာ၊ ဗောက်တွေကလည်း ဆံပင်ကို အများကြီး ကျွတ်စေပါတယ်။

ကာကွယ်ခြင်း

အစားအသောက်အနေအထိုင်ပြန်ဆင်ခြင်ပါ။ ဆေးလိပ်ဖြတ်ပါ၊ အာဟာရ လုံလောက်စွာ စားပါ၊ နေရောင်နဲ့ ထိတွေ့မှုကို ဆင်ခြင်ပါ။

ရေများများသောက်ပါ။ တစ်နေ့ကို ရေ ၂ လီတာလောက်သောက်ပါ။

အားကစား လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှု လျော့အောင် လုပ်ပါ။

သံဓာတ်၊ Antioxidants ဓာတ်၊ Fatty အက်ဆစ်၊ ဗီတာမင် A, B, C နဲ့ E ကြွယ်ဝတဲ့ အစားအစာတွေကို အဓိက စားသုံးပါ။

ပန်းသီး ရှာလကာရည်

ပန်းသီး ရှာလကာရည် ၂၅၀ ml ကို ဦးရေပြားမှာ လိမ်းပြီး ညှင်သာစွာ အထဲအထိ ရောက်အောင် နှိပ်နယ်ပေးပါ။ ၄၅ မိနစ်ကြာရင် ရေနွေးနွေးနဲ့ ရေဆေးချလိုက်ပါ။ ပြီးရင် ခေါင်းလျှော်လိုက်ပါ။