ဆားထည့်တာများသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းကို အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာရှိတဲ့ စားဖိုမှူး Ken Oringer က ဒီလို အကြံပေးထားပါတယ်။

ဟင်းလျာထဲကို နောက်ထပ် ထည့်လို့ရတဲ့ ဟင်းချက်ပစ္စည်းတစ်မျိုးလောက်ထပ်ထည့်ပါ။

အသားဟင်းလျာ

အသားမှာ ဆားများသွားရင် ကိုယ့်ဟင်းလျာမှာ အာလူးရောတာမျိုးကို လုပ်လို့ရပါတယ်။ အာလူးမှာပါဝင်တဲ့ ကစီဓာတ်က ဆားကိုပေါ့စေပါတယ်။

ထမင်းပေါ်မှာ ဆားများသွားတဲ့ဟင်းလျာကို ပုံပြီးတည်ခင်းလိုက်ရင်လည်း ဆားများတာ သိပ်မသိသာသွားပါဘူး။

သကြား

တခါတလေ ဟင်းလျာတွေမှာ သကြားထည့်လိုက်ရင် ငန်တဲ့အရသာက သိပ်မသိသာတော့ပါဘူး။ သကြားမထည့်ချင်ရင်လည်း ပျားရည်ထည့်လို့ရပါတယ်။

ရေထပ်ထည့်ပါ

ဟင်းချိုမှာ ဆားများသွာရင် ရေထပ်ထည့်လို့ရပါတယ်။ ရေထပ်ထည့်လိုက်ရင် ဆားပျော်ဝင်တဲ့ရေပမာဏများသွားပြီး ဟင်းလျာတွေမှာ အငန်ဓာတ်လျော့စေပါတယ်။

သံပုရာသီး

သံပုရာသီးက ငန်နေတဲ့ ဟင်းလျာတွေကို ပြုပြင်ရာမှာ အသုံးဝင်ပါတယ်။ သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က အငန်ဓာတ်ကို လျော့စေပြီး ဟင်းလျာကို အနံ့အရသာပိုကောင်းစေပါတယ်။ ဟင်းလျာရဲ့ အငန်ပမာဏကို တိုင်းတာပြီး သံပုရာသီးဘယ်နှစ်လုံး ညှစ်ရမလဲဆိုတာ စဉ်းစားရမှာပါ။

ဝိုင်၊ ရှန်ပိန်

တချို့ဟင်းလျာတွေမှာဆိုရင် ဝိုင်၊ ရှန်ပိန်၊ Sparkling Water တို့ကိုထည့်ရင်လည်း ဆားဓာတ်ကိုလျော့သွားစေပါတယ်။

Featured Image Source: Annabel Karmel