Cappuccino ကော်ဖီလည်း ကြိုက်တယ်၊ ဒါပေမယ့် ကော်ဖီ ဖျော်စက်လည်း မဝယ်ချင်သေးဘူးဆိုရင် ဒီနည်းကို အသုံးပြုလို့ရတယ်နော်။
ပြုလုပ်နည်း
အဆင့် ၁။
ပါဝင်ပစ္စည်းများ
- ဖျော်ထားတဲ့ ကော်ဖီ ¼ Cup
- နွားနို့ နွေးနွေး ½ Cup
- သစ်ကြမ်းပိုးခေါက် တစ်ဖြူးစာ
ပြင်ဆင်ပုံ
ဇွန်းအရှည်တစ်ချောင်းနဲ့နွားနို့ ကို အမြုပ်ထွက်လာအောင် ခလောက်ပါ။ မိနစ်အနည်းငယ်လောက် မရပ်တန်း ခလောက်ရင် အမြှပ်ထွက်လာပါလိမ့်မယ်။
ကြက်ဥ ခလောက်တဲ့ လျှပ်စစ် ခလောက်စက်ကို သုံးရင် ပိုကောင်းပါတယ်။
နွားနို့ အမြုပ်တွေထွက်လာရင် နွားနို့ရဲ့ အရည်ထုထည်ကလည်း ပွလာတာကိုမြင်ရပါလိမ့်မယ်။
အဆင့် ၂။
ဖျော်ထားတဲ့ ကော်ဖီကို ခွက်ထဲထည့်ပါ။ ပူနေတဲ့ ကော်ဖီ ¼ Cup စာကို ကော်ဖီခွက်ထဲထည့်ပါ။ ကော်ဖီအရသာကို ခွက်ထဲ မထည့်ခင်ကတည်းက ကိုယ်ကြိုက်တဲ့ ချိုတဲ့အရသာရအောင် ပြင်ထားပါ။ ခရားထဲမှာကလည်း သကြားထည့်ပြီး မွှေထားပါ။
အဆင့် ၃။
ခုနက အမြုပ်ထနေတဲ့ နွားနို့ကို ကော်ဖီထဲကိုထည့်ပါ။ ကော်ဖီက အမြုပ်တွေထလာပါလိမ့်မယ်။
အဆင့် ၄။
Cappuccino ကော်ဖီကို အရသာလည်း ပိုရှိပြီး ကျန်းမာရေးနဲ့လည်းပြည့်စုံအောင် သစ်ကြမ်းပိုးခေါက်တွေကို အပေါ်ကနေ ထည့်ပေးပါ။