လူတိုင်း အတွက် မျှတတဲ့ အစား အသောက်ကို နေ့စဉ် စားသောက်ဖို့ အရေးကြီးပါတယ် ။ ဒါကြောင့် သက်သတ်လွတ် အစားအသောက်တွေကို စားသောက်နေချိန်မှာ အာဟာရ ပြည့်ပြည့်ဝဝရရှိစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကိုမျှဝေလိုက်ရပါတယ် ။
1.အစိမ်းစားပါ
သက်သတ်လွတ် စားမယ်ဆိုရင် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ ၊ အခွံမာတဲ့ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးတွေ ပါဝင်သင့်ပါတယ် ။ ဒီအရာတွေ အားလုံးပါဝင်တဲ့ အစာကို စားပေးမှ အာဟာရဓာတ် အလုံအလောက် ရရှိမှာပါ ။ ဒီတော့ ဟင်းသီးဟင်းရွက်ကို အစိမ်းလိုက် ရေစင်အောင် ဆေးကြောပြီး သုပ်စားပါ ။ အပေါ်ကနေ အခွံမာတဲ့ အစေ့အဆန် ဒါမှမဟုတ် ပဲတစ်မျိုးမျိုးကို ဖြူးပြီး စားသင့်ပါတယ် ။ အခွံမာသီးနဲ့ ပဲကို ထည့်စားတာကြောင့် ပရိုတင်းဓာတ်ကို ရရှိစေပါတယ် ။
2. အရောင်စုံစားပါ
ဟင်းသီးဟင်းရွက်မှာရှိတဲ့ အရောင်တိုင်း ၊ အရောင်တိုင်းက သီးခြား အာဟာရ တန်ဖိုးတွေ ရှိကြပါတယ် ။ ဒါပေမဲ့ အာဟာရတန်ဖိုး အနည်းအများနဲ့ အထူးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ကွာခြားမှု ရှိပါလိမ့်မယ် ။ ဒါကြောင့် သက်သတ်လွတ်စားချိန်မှာ အရောင်စုံ ဟင်းသီးဟင်းရွက်တွေကို စားပေးရင် အာဟာရဓာတ် အစုံအလင် ရရှိစေပါတယ် ။
3.စွပ်ပြုတ်လုပ်ပြီး သောက်ပါ
တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ၊ နှစ်ကြိမ် စွပ်ပြုတ် သောက်သင့်ပါတယ် ။ ပရိုတင်းဓာတ် ရရှိစေဖို့ ပဲစွပ်ပြုတ် လုပ်တဲ့အခါ ဟင်းသီးဟင်းရွက်တွေကို ထည့်ချက်ပါ ။ ရိုးစင်းလွယ်ကူပေမယ့် အာဟာရဓာတ် အပြည့်အဝ ရရှိစေပါတယ် ။
4.အေးခဲသည့် နည်းဖြင့် စားပါ
တချို့ သစ်သီးဝလံတွေကို ရေခဲသေတ္တာထဲမှာ အေးခဲအောင် ထည့်ပြီးစားရင် ပိုအရသာ ရှိသလို အာဟာရ ပိုရှိပါတယ်။
5.ဖျော်ရည် ဖျော်သောက်ပါ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည် ဖျော်သောက်တာက အလွယ်ဆုံးနှင့် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး နည်းတစ်နည်းပါ ။
Credit : Good Health