နှာစေးတာက ရောဂါအသေးလေးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ အနှောင့်အယှက်တွေအများကြီးဖြစ်ပါတယ်။ ကြာလာရည် ထိပ်ကပ်နာရောဂါတို့၊ တခြား နှလုံးရောဂါတွေဖြစ်စေပါတယ်။ နှာစေးတာပျောက်သွားပေမယ့်လည်း အနံ့သိပ်မရတော့တာလည်းဖြစ်စေတတ်ပါတယ်။

နှာစေးတာပျောက်ဖို့ ဆရာဝန်နဲ့ပြပြီး ဆေးသောက်ဖို့လိုအပ်သလို လေ့ကျင့်ခန်း လုပ်ဖို့လည်းလိုပါတယ်။

ရုတ်တရပ် နှာစေးခြင်း

ရုတ်တရပ် နှာစေးတာဟာ ကိုယ်နဲ့ မတည့်တဲ့ အနံ့တစ်မျိုးကြောင့် Allergic ဖြစ်ပြီး နှာစေးတာရှိသလို အပူချိန်အပြောင်းအလဲကြောင့်လည်း နှာစေးတာဖြစ်နိုင်ပါတယ်။

ကိုယ်နဲ့ မတည့်တဲ့ အနံ့ကို မှတ်ထားပါ

1

အနံ့တစ်ခုရတာနဲ့ ချက်ခြင်း နှာစေးရင် အဲ့ဒီအန့ံ့က ကိုယ်နဲ့မတည့်ပါဘူး။ တချို့က ရေမွှေးရဲ့ တချို့အနံ့တွေနဲ့ မတည့်သလို ပန်းတွေနဲ့လည်း မတည့်သူတွေလည်းရှိပါတယ်။ ပန်းဝတ်မှုန်တွေကို ရှူမိရင် နှာချည် နှာစေးတာတွေဖြစ်တတ်ပါတယ်။

လေ့ကျင့်ခန်း

how-to-steam-clean-your-face

ဒါကြောင့် အိပ်ယာထပြီး အခန်းထဲကနေ အပြင်မထွက်ခင် ၁၀ မိနစ်လောက် လမ်းလျှောက်ပေးပါ။ ပြီးရင် ရေနွေးကိုတည်ပြီး ရေနွေးကို ခွက်တစ်ခုထဲထည့်ကာ ရေနွေးရှူပေးပါ။

images

အဲ့ဒီရေနွေးကိုရေအေးနဲ့စပ်ကာ မျက်နှာသစ်၊ သွားတိုက်ပေးပါ။ ပြီးရင် အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

ညနေကျရင်လည်း အလားတူပါဘဲ။ မအိပ်ခင် ၁၀ မိနစ်လောက်လမ်းလျှောက်၊ ရေနွေးရှူပြီးမှ အိပ်ပါ။

အဲ့ဒီအပြင် အဲကွန်းခန်းကနေ ရုတ်တရပ်အပြင်ထွက်လိုက်တာမျိုးစတဲ့ အပူချိန် အတက်အကျ များတာကို ရှောင်ကြဉ်ပါ။

Unknown