မီးဖိုချောင်ရှိ ဟင်းလျာများ၊ ထမင်းစားပွဲရှိ အစားအစာတွေပေါ်မှာ မကြာခဏ ပုရွက်ဆိတ်တတ်လို့ စိတ်ညစ်နေပါသလား။ အင်းဆက်ပြေးစေတဲ့ ဓာတုဖြန်းဆေးတွေ သုံးခြင်းက အနီးအနားရှိ အစားအစာများပေါ် ဖြန်းမိပါက အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အတွက်ကြောင့် အသုံးမပြုသင့်ပါဘူး။

ထိုဓာတုဖြန်းဆေးတွေအစား သဘာဝပစ္စည်းများကို အသုံးပြုခြင်းက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးမဖြစ်စေသလို ပိုက်ဆံလည်း ချွေတာရ ရောက်ပါတယ်။

ဒါဆိုရင် ဘယ်လိုသဘာဝနည်းလမ်းတွေ အသုံးပြုပြီး မီးဖိုချောင်ထဲက ပုရွက်ဆိတ်တွေကို နှိမ်နင်းနိုင်မလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

သစ်ကြမ်းပိုးခေါက်

ကြောင်အိမ်ထဲမှာပဲဖြစ်ဖြစ်၊ တံခါးနားမှာပဲဖြစ်ဖြစ်၊ ပုရွက်ဆိတ်လာတတ်တဲ့ နေရာတွေကို သစ်ကြမ်းပိုးခေါက် ဖြူးပေးလိုက်ပါ။ ထိုကဲ့သို့ ဖြူးပေးလိုက်ရုံနဲ့တင် ပုရွက်ဆိတ်တွေ ဝေးဝေးပြေးသွားမှာပဲဖြစ်ပါတယ်။

ဒါမှမဟုတ်လည်း ဝါဂွမ်းစလေးကို သစ်ကြမ်းပိုးခေါက်အဆီထဲ ထည့်နှစ်ပြီး ပုရွက်ဆိတ်လာရာလမ်းမှာ ချထားလိုက်လို့လည်း ရပါသေးတယ်။

သံပုယိုရည်

သံပုယိုသီးထဲမှာ ပါဝင်တဲ့ အက်ဆစ်ဂုဏ်သတ္တိက ပုရွတ်ဆိတ်တွေရဲ့ အနံ့ခံအာရုံကို အနှောင့်အယှက်ဖြစ်စေပါတယ်။

သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီးနောက် ဝါဂွမ်းစကို သံပုယိုရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ထိုဝါဂွမ်းစလေးကို နေရာအချို့မှာ ထားထားပေးလိုက်မယ်ဆိုရင် နာရီပိုင်းအနည်းငယ်အတွင်း ပုရွက်ဆိတ်တွေ ပျောက်သွားပါလိမ့်မယ်။

ငရုတ်သီးမှုန့်

Source: Pinterest.com

ငရုတ်သီးမှုန့်အနံ့က ပြင်းလွန်းတဲ့အတွက်ကြောင့် ပုရွက်ဆိတ်တွေ အစာရှာထွက်တဲ့အခါ အသုံးပြုရတဲ့ အနံ့ခံအာရုံကို ပျက်စီးသွားစေပြီး ထိုရနံ့ပြင်းနဲ့ ဝေးရာဆီသို့ ထွက်သွားစေပါတယ်။ ဒါ့ကြောင့် ပုရွက်ဆိတ်တွေ လာတတ်တဲ့ နေရာမှာ ငရုတ်သီးမှုန့်များ ဖြူးထားပေးလိုက်ပါ။

ရှာလကာရည်

Source: Brendid.com

ရှာလကာရည်ရဲ့ ပြင်းတဲ့ရနံ့ကလည်း ပုရွက်ဆိတ်တွေရဲ့ အစာရှာထွက်ရာ ဦးတည်ဘက်လားရာကို ပျောက်ဆုံးသွားစေပါတယ်။ ရေတစ်ဖန်ခွက်ကို ရှာလကာရည် တစ်ဖန်ခွက်ဖြင့် ဆတူရောနှောပြီး စပရေးဘူးထဲထည့်ကာ သမအောင် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ပုရွက်ဆိတ်များ အုံခဲနေသော နေရာပေါ်သို့ ပက်ဖြန်းပေးလိုက်ပါက ပုရွက်ဆိတ်များကို ချက်ချင်းနှင်ထုတ်နိုင်ပါတယ်။

Source: Femina.in