၀မ်းချုပ်တာက ပြဿနာအသေးလေးပေမယ့် ဝမ်းချုပ်တာကြာလာရင် ခေါင်းကိုက်၊ ကိုယ်လက်မအီမသာဖြစ်ပြီး နောက်ပိုင်း ကျန်းမာရေး ပြဿနာတွေအများကြီးရှိပါတယ်။

ဒါကြောင့် ဝမ်းချုပ်တာကို ပျောက်ကင်းစေမယ့်သဘာဝနည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

prune-juice_thumb

ဆီးသီး ဖျော်ရည်

ဆီးသီး ဖျော်ရည်ကို မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်ပေးပါ။ ဆီးသီးဖျော်ရည် သောက်ပြီး နာရီအနည်းငယ်ကြာရင် ဝမ်းသွားပါလိမ့်မယ်။

lemon-water_thumb

သံပုရာ ရည်

သံပုရာရည်ကလည်း ဝမ်းချုပ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေရင် သံပုရည်ကို တစ်နေ့ ၁ ခွက်လောက် သောက်ပေးပါ။

tumeric_thumb

နနွင်း

နနွင်းက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားရမှာ အဓိက အသုံးဝင်ပါတယ်။ ကိုယ်သောက်နေကျ ဖျော်ရည်၊ ရေတွေထဲကို နနွင်းလက်ဖက်ရည်ဇွန်း ၁ဇွန်း ထည့်ပြီး သောက်ပေးပါ။

ginger_thumb

ဂျင်း

ဂျင်းက ဝမ်းချုပ်တာ၊ လေထိုးလေနာတာတွေကို သက်သာစေပါတယ်။ အဲ့ဒီအပြင် ဓမ္မတာနာတာကြောင့် ဗိုက်နာတာတွေ ကိုက်ခဲတာတွေကိုလည်းသက်သာစေပါတယ်။ ကိုယ်စားနေတဲ့ အစားအစာတွေထဲကို ဂျင်းထည့်စားပေးပါ။