ဟင်းရွက်သုပ်၊ ပြည်ကြီးငါးသုပ်၊ ငါးချဉ်သုပ် စတဲ့ အသုပ်မျိုးစုံ သုပ်စားတဲ့အခါ ကြက်သွန်ဖြူက မပါမဖြစ်ပါ။ လက်ဖက်သုပ် စားတဲ့အခါမှာလည်း ကြက်သွန်ဖြူနဲ့ တို့စားတဲ့အခါ အင်မတန်အရသာရှိပါတယ်။ ဒါပေမဲ့ အားရပါးရစားပြီးတဲ့အခါမှာတော့ ခံတွင်းအနံ့ဆိုးတဲ့ ပြဿနာက အတော်စိတ်ညစ်ဖို့ကောင်းပါတယ်။

အစားအစာလည်း စိတ်လွတ်လက်လွတ်နဲ့ အရသာရှိရှိ စားသုံးလို့ရအောင် စားပြီးတဲ့အခါမှာလည်း ခံတွင်းအနံ့ဆိုးတဲ့ ပြဿနာနဲ့ မကြုံတွေ့ရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပေးလိုက်ပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်နဲ့ ရေနွေးနွေးလေး ၆၀ မီလီလီတာခန့်တို့ လိုအပ်ပါမယ်။ ရေနွေးနွေးထဲသို့ မုန့်ဖုန်ဆိုဒါ ထည့်လိုက်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။ ထိုရေဖြင့် ပလုပ်ကျင်းပေးလိုက်ပါ။ အစား စားပြီးတိုင်း မုန့်ဖုတ်ဆိုဒါရေဖြင့် ပလုပ်ကျင်းပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ခံတွင်းအနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ထုတ်ပြီးသားဖြစ်သွားပါပြီ။

သံပုယိုရည်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေနွေး ၆၀ မီလီလီတာခန့်တို့ လိုအပ်ပါမယ်။ သံပုယိုရည်ကို ရေနွေးထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ခန့် ပလုတ်ကျင်းပေးလိုက်ပါ။ ဒီနည်းလမ်းကိုလည်း အစား စားပြီးတိုင်း ပလုတ်ကျင်းပေးနိုင်ပါတယ်။

နွားနို့သောက်ပါ

နွားနို့သောက်သုံးခြင်းက ပါးစပ်က အနံ့အသက်ဆိုးများကို ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ နွားနို့ကို ဒီအတိုင်း သောက်သုံးမယ့်အစား ကြက်သွန်ဖြူပါ ရောထည့်လိုက်ပြီး သောက်သုံးပေးမယ်ဆိုရင် ပိုပြီး အာနိသင်ထူးခြားတာကို တွေ့မြင်ရပါလိမ့်မယ်။

ပီကေဝါးပါ

တကယ်လို့ ကိုယ်က အလုပ်ကိစ္စနဲ့ အပြင်ရောက်နေတဲ့အခါ အထက်က ဖော်ပြခဲ့တဲ့ နည်းလမ်းတွေ အသုံးပြုလို့ မရနိုင်ပါဘူး။ အဲ့ဒီအခါကျရင် ပူရှိန်းပီကေလေး ဝါးပေးလိုက်ပါ။

လက်ဖက်စိမ်း သောက်ပါ

Green Tea လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေနွေးပူ တစ်ဖန်ခွက်တို့ လိုအပ်ပါမယ်။ လက်ဖက်စိမ်းကို ရေနွေးပူထဲ ၅ မိနစ် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ အချိန်ပြည့်တာနဲ့ လက်ဖက်စိမ်း နွေးနွေးလေးကို သောက်သုံးပေးနိုင်ပါပြီ။ လက်ဖက်စိမ်းကို တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးခြင်းက ခံတွင်းအနံ့အသက်ကိုလည်း ကောင်းမွန်စေသလို ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပါတယ်။

ပန်းသီး

ခံတွင်းနံ့ နံစေတဲ့ အစားအစာတွေ စားပြီးတဲ့အခါတိုင်း ပန်းသီးစိတ်လေး ဝါးစားပေးခြင်းကလည်း အကျိုးရှိတဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

စာဖတ်သူတို့ရော အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းတွေကို စမ်းသပ်ကြည့်ဖူးပါသလဲ။ ဘယ်နည်းလမ်းက အစွမ်းအထက်ဆုံးလဲ ဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးခဲ့ဖို့ မမေ့နဲ့ဦးနော်။

Source: stylecraze.com