သံလွင်ဆီလေးနဲ့ သံပုရာသီးလေးညှစ်ပြီး ကင်တဲ့ ပြည်ကြီးငါးကင်ဟာ ချဉ်စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။

ဒီဟင်းချက်နည်းကို ပေါ်တူဂီနိုင်ငံအပါအဝင် မြေထဲပင်လယ်မှာရှိတဲ့နိုင်ငံတွေမှာအတော်များများ လုပ်စားကြပါတယ်။ ကမ်းခြေလေးမှာထိုင်ပြီး ဘီယာလေးနဲ့ မြည်းဖို့ အလိုက်အဖက်ဆုံး ဟင်းလျာပါပဲ။

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး

သံလွင်ဆီ

ဆား

ငရုတ်ကောင်း

တရုတ်နံနံပင် ၁ ပင်လောက်ကို တောက်တောက်စဉ်းထားပါ

သံပုရာသီး ၄ လုံး

ချက်နည်း

မီးသွေးလေးနဲ့ ကင်တာအကောင်းဆုံးပါဘဲ။ မီးသွေးကို မီးအရမ်းမပြင်းတဲ့နေအထားရအောင် ဖိုလိုက်ပါ။

အရင်ဆုံး ပြည်ကြီးငါးကို တစ်ရှူးစနဲ့ ပေနေတဲ့ ရေတွေကို သုတ်လိုက်ပါ။ ပြည်ကြီးငါးပေါ်မှာ သံလွင်ဆီကို သုတ်လိုက်ပါ။

မီးဖိုပေါ်မှာ သံဇကာတင်ပြီး ကင်လိုက်ပါ။

၁ မိနစ်၊ ၂ မိနစ်အတွင်းမှာ ပြည်ကြီးငါးက အညိုရောင်ပြောင်းလာကာ စတင်ကျက်လာမှာဖြစ်ပါတယ်။ ညှပ်နဲ့ နောက်ထပ်ဘက်ကို လှည့်ပြီး ကင်ပေးပါ။

ကျက်သွားရင် ပန်းကန်ထဲထည့်လိုက်ပြီး အရသာအပေါ်မူတည်ပြီး ဆားနဲ့ ငရုတ်ကောင်းကို ဖြူးပေးပါ။ ပြည်ကြီးငါးပေါ်ကို သံလွင်ဆီလေး အနည်းငယ်စမ်း၊ သံပုရာသီးလေးညှစ်ပေးပါ။ တရုတ်နံနံပင်နဲ့ အလှဆင်ပေးပါ။

သံလွင်ဆီလေးနဲ့ သံပုရာသီးလေးညှစ်ပြီး ကင်တဲ့ ပြင်ကြီးငါးကင်လည်း လုပ်စားရအောင်

Photo Credit: Serious Eat