လက်နဲ့ တောက်တောက်စဉ်းထားတဲ့ အသားတွေက ကြိတ်စက်တွေနဲ့ ကြိတ်ထားတဲ့ အသားတွေထက် အရသာ ပိုရှိပါတယ်။
ကိုယ်တိုင် တောက်တောက်စဉ်းရင် လတ်ဆတ်မှုလည်းရှိတဲ့အပြင် ကောင်းတဲ့အသားတွေကိုပဲ ကိုယ်တိုင်ရွေးချယ်ပြီး တောက်တောက်စဉ်းနိုင်တာကြောင့် အရသာလည်းပိုရှိပြီး သန့်ရှင်းမှုလည်း ပိုရှိပါတယ်။
ဘယ်လို တောက်တောက်စဉ်းမလဲ
အဆင့် (၁) ဓားထက်ထက်နဲ့ အသားကို ၄၅ ဒီဂရီလောက် စောင်းပြီး ပါးပါးလေး လှီးလိုက်ပါ။
အဆင့် (၂) အဆင့် (၁) အတိုင်း ထပ်ပြီး လှီးပါ။ ဒီတခါမှာတော့ ဆန့်ကျင်ဘက် ထားပြီး လှီးပါ။
အဆင့် (၃) အသားကို တစ်ဖက်လှန်ပြီးတော့ ၉၀ ဒီဂရီ အနေအထား ထားပြီး လှီးပေးပါ။ ပြီးရင် အဆင့် (၁) နဲ့ (၂) အတိုင်း တစောင်းအနေအထားနဲ့ လှီးပေးပါ။
အဆင့် (၄) အဆင့် (၃) အတိုင်း ဓားကို အတည့်ထားပြီး အကြိမ်များစွာ လှီးပေးပါ။ ဒါဆိုရင် တောက်တောက်စဉ်းထားတဲ့ အသားလေးတွေ ရသွားမှာဖြစ်ပါတယ်။
Photos Credit: Work of Life