ကြက်သွန်နီဆိုတာ ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါပဲ။ ကြက်သွန်နီဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ပါဝင်လို့လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးထူးစေပါတယ်။
ဒါ့ကြောင့်လည်း ကြက်သွန်နီကို စားပေးသင့်ပါတယ်။ ဒီတော့ ကျွန်မတို့ကိုယ်တိုင် စိုက်ပျိုးတဲ့ ကြက်သွန်နီလောက် ကောင်းတာကို ဘယ်ဈေးတွေမှာ ရှာလို့ရနိုင်မှာလဲ။
အပျင်းလည်းပြေတယ်။ ကျန်းမာရေးနဲ့လည်းညီညွှတ်တဲ့ ကြက်သွန်နီကို အိမ်မှာ စိုက်လိုက်ရအောင်နော်။
ကြက်သွန်နီကို ရေဘူးနဲ့စိုက်မယ်
ပထမဆုံး ရေဘူးကို ထိတ်ပိုင်း ဖြတ်ပေးလိုက်ပါ။ ပြီးရင် ဘေးမှာ ကြက်သွန်နီ တစ်လုံးစာထည့်လို့ရမဲ့ အဝိုင်းပေါက်မျိုး ဖောက်လိုက်ပါ။ အပေါက်ကို သိပ်ပြီး ကြက်သွန်နီထွက်ကျနိုင်တဲ့ထိ မကြီးပါစေနဲ့။ ပြီးရင် အပေါင်တစ်ခုစီတိုင်းကို ကြက်သွန်နီ တစ်လုံးချင်ထည့်ပေးပါ။ ကြက်သွန်နီ ဖင်ပိုင်းကို အပေါက်ရဲ့ အပြင်ကို ထုတ်ပေးရမှာပါ။ အဲဒါမှ အညှေင့်ထွက်လာမှာဖြစ်ပါတယ်။
ပြီးရင် ဘူးထဲကို မြေဆီလွှာကောင်းတဲ့ မြေထည့်ပြီး ရေလေင်းပေးကာ နေရောင်ချည်ရတဲ့ နေရာမှာထားပါ။ ရက်သတ္တပတ်အနည်းငယ်ကြာရင် ကြက်သွန်နီကနေ အညှောင့်ထွက်လာပါလိမ့်မယ်။
ထွက်လာတဲ့ ကြက်သွန်မြိတ်ကို အနေတော်အနေအထားရောက်ရင် ကပပ်ကြေးနဲ့ ဖြတ်ယူစားသုံးလို့ရပါတယ်။ ဒါမှမဟုတ်ကြက်သွန်နီဥ တစ်ခုလုံးကိုယူပြီးလည်း စားသုံးနိုင်ပါတယ်။
Source: MrHealthyLife.com
Featured Image Source: SEM Kh