[Unicode]
ကြက်သွန်နီဆိုတာ ဟင်းလျာတိုင်းမှာ မပါမဖြစ်ပါပဲ။ ကြက်သွန်နီဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ပါဝင်လို့လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးထူးစေပါတယ်။
ဒါ့ကြောင့်လည်း ကြက်သွန်နီကို စားပေးသင့်ပါတယ်။ ဒီတော့ ကျွန်မတို့ကိုယ်တိုင် စိုက်ပျိုးတဲ့ ကြက်သွန်နီလောက် ကောင်းတာကို ဘယ်ဈေးတွေမှာ ရှာလို့ရနိုင်မှာလဲ။
အပျင်းလည်းပြေတယ်။ ကျန်းမာရေးနဲ့လည်းညီညွှတ်တဲ့ ကြက်သွန်နီကို အိမ်မှာ စိုက်လိုက်ရအောင်နော်။
ကြက်သွန်နီကို ရေဘူးနဲ့စိုက်မယ်
ပထမဆုံး ရေဘူးကို ထိတ်ပိုင်း ဖြတ်ပေးလိုက်ပါ။ ပြီးရင် ဘေးမှာ ကြက်သွန်နီ တစ်လုံးစာထည့်လို့ရမဲ့ အဝိုင်းပေါက်မျိုး ဖောက်လိုက်ပါ။ အပေါက်ကို သိပ်ပြီး ကြက်သွန်နီထွက်ကျနိုင်တဲ့ထိ မကြီးပါစေနဲ့။ ပြီးရင် အပေါင်တစ်ခုစီတိုင်းကို ကြက်သွန်နီ တစ်လုံးချင်ထည့်ပေးပါ။ ကြက်သွန်နီ ဖင်ပိုင်းကို အပေါက်ရဲ့ အပြင်ကို ထုတ်ပေးရမှာပါ။ အဲဒါမှ အညှေင့်ထွက်လာမှာဖြစ်ပါတယ်။
ပြီးရင် ဘူးထဲကို မြေဆီလွှာကောင်းတဲ့ မြေထည့်ပြီး ရေလေင်းပေးကာ နေရောင်ချည်ရတဲ့ နေရာမှာထားပါ။ ရက်သတ္တပတ်အနည်းငယ်ကြာရင် ကြက်သွန်နီကနေ အညှောင့်ထွက်လာပါလိမ့်မယ်။
ထွက်လာတဲ့ ကြက်သွန်မြိတ်ကို အနေတော်အနေအထားရောက်ရင် ကပပ်ကြေးနဲ့ ဖြတ်ယူစားသုံးလို့ရပါတယ်။ ဒါမှမဟုတ်ကြက်သွန်နီဥ တစ်ခုလုံးကိုယူပြီးလည်း စားသုံးနိုင်ပါတယ်။
Source: MrHealthyLife.com
Featured Image Source: SEM Kh
[Zawgyi]
ၾကက္သြန္နီဆိုတာ ဟင္းလ်ာတိုင္းမွာ မပါမျဖစ္ပါပဲ။ ၾကက္သြန္နီဟာ ေသြးတြင္းသၾကားဓါတ္ကို ထိန္းခ်ဳပ္ေပးပါတယ္။ ဒါ့အျပင္ ဗီတာမင္ C ပါ၀င္လို႔လည္း က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးထူးေစပါတယ္။
ဒါ့ေၾကာင့္လည္း ၾကက္သြန္နီကို စားေပးသင့္ပါတယ္။ ဒီေတာ့ ကၽြန္မတို႔ကိုယ္တိုင္ စိုက္ပ်ိဳးတဲ့ ၾကက္သြန္နီေလာက္ ေကာင္းတာကို ဘယ္ေစ်းေတြမွာ ရွာလို႔ရႏိုင္မွာလဲ။
အပ်င္းလည္းေျပတယ္။ က်န္းမာေရးနဲ႔လည္းညီညႊတ္တဲ့ ၾကက္သြန္နီကို အိမ္မွာ စိုက္လိုက္ရေအာင္ေနာ္။
ၾကက္သြန္နီကို ေရဘူးနဲ႔စိုက္မယ္
ပထမဆံုး ေရဘူးကို ထိတ္ပိုင္း ျဖတ္ေပးလိုက္ပါ။ ၿပီးရင္ ေဘးမွာ ၾကက္သြန္နီ တစ္လံုးစာထည့္လို႔ရမဲ့ အ၀ိုင္းေပါက္မ်ိဳး ေဖာက္လိုက္ပါ။ အေပါက္ကို သိပ္ၿပီး ၾကက္သြန္နီထြက္က်ႏိုင္တဲ့ထိ မႀကီးပါေစနဲ႔။ ၿပီးရင္ အေပါင္တစ္ခုစီတိုင္းကို ၾကက္သြန္နီ တစ္လံုးခ်င္ထည့္ေပးပါ။ ၾကက္သြန္နီ ဖင္ပိုင္းကို အေပါက္ရဲ့ အျပင္ကို ထုတ္ေပးရမွာပါ။ အဲဒါမွ အေညွင့္ထြက္လာမွာျဖစ္ပါတယ္။
ၿပီးရင္ ဘူးထဲကို ေျမဆီလႊာေကာင္းတဲ့ ေျမထည့္ၿပီး ေရေလင္းေပးကာ ေနေရာင္ခ်ည္ရတဲ့ ေနရာမွာထားပါ။ ရက္သတၱပတ္အနည္းငယ္ၾကာရင္ ၾကက္သြန္နီကေန အေညွာင့္ထြက္လာပါလိမ့္မယ္။
ထြက္လာတဲ့ ၾကက္သြန္ၿမိတ္ကို အေနေတာ္အေနအထားေရာက္ရင္ ကပပ္ေၾကးနဲ႔ ျဖတ္ယူစားသံုးလို႔ရပါတယ္။ ဒါမွမဟုတ္ၾကက္သြန္နီဥ တစ္ခုလံုးကိုယူၿပီးလည္း စားသံုးႏိုင္ပါတယ္။
Source: MrHealthyLife.com
Featured Image Source: SEM Kh