ခေတ်ရဲ့ trend အရ မိန်းကလေးတွေက ရင်သားကြီးချင်လာကြပါတယ်။ Silicon ထည့်တဲ့သူတွေလည်း ရှိသလို သဘာဝအတိုင်း အစားအစာ၊ လေ့ကျင့်ခန်းနှင့် ရင်သားကြီးအောင် လုပ်ချင်ကြသူတွေလည်း ရှိပါတယ်။

ဒီဆောင်းပါးမှာတော့ ရင်သားကြီးအောင် စားသုံးသင့်တဲ့ အစားအစာတွေကို ဝေမျှချင်ပါတယ်။

ပဲနို့

ပဲနို့မှာ Phytoestrogens ဓာတ်များ မြင့်မားစွာပါဝင်တာကြောင့် ရင်သားကို သဘာဝအတိုင်းကြီးထွားစေပါတယ်။

သကြားမပါတဲ့ ပဲနို့ကို တစ်နေ့ကို တစ်ခွက်လောက်သောက်သုံးပေးပါ။

လိုအပ်သည့် ဗီတာမင် ဓာတ်များ

ရင်သားကို သဘာဝအတိုင်းကြီးထွားစေဖို့ ဗီတာမင် ဓာတ်များလည်း လိုအပ်ပါတယ်။ ဗီတာမင် A၊ ဗီတာမင် B3၊ ဗီတာမင် C နှင့် ဗီတာမင် E တို့သည် ရင်သားကြီးစေဖို့ အထောက်အကူပြုပါတယ်။

ဗီတာမင် A က Collagen များ ထုတ်လုပ်ဖို့ အားပေးပြီး ဗီတာမင် B3 က သွေးလည်ပတ်မှု အာကောင်းစေပါတယ်။

ဗီတာမင် C က Collagen များကိုထုတ်လုပ်ပေးပြီး ရင်သားမှာရှိတဲ့ ဆဲလ်များကို ရေဓာတ်ပြည့်ဝစေကာ ခန္ဓာကိုယ်ထဲရှိ ဟော်မှုန်းဓာတ်များကို ထိန်းညှိပေးပါတယ်။ ဗီတာမင် E ကတော့ ကိုလက်စထရော အဆင့်ကို ထန်းညှိပေးပြီး ရင်သားကို ကြီးစေဖို့ အထောက်အကူပြုပါတယ်။

စားသင့်သည့် အစားအစာများ

Phytoestrogens ဓာတ် ကြွယ်ဝသည့် အသီးအနှံများဖြစ်သည့် သင်္ဘောသီး၊ ပန်းသီး၊ ဆီးသီး နှင့် ချယ်ရီသီးများ စားသင့်ပါတယ်။

ဟင်းသီးဟင်းရွက်မှာဆိုလျှင် မုန်လာဥနီ၊ ပဲပုပ်၊ ပဲပင်ပေါက်၊ ခရမ်းသီး၊ ကြက်သွန်ဖြူ နှင့် သခွားသီးတို့ စားသင့်ပါတယ်။

အခွံမာအသီးများလည်း စားသင့်ပြီး ကျန်းမာသည့်အဆီတွေ ပါဝင်သည့် ထောပတ်သီး နှင့် သံလွင်သီးတို့ကို စားပေးသင့်ပါတယ်။