မိုးရာသီမှာ ကလေးအများစုဟာ ဖျားနာတာတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူတို့လေးတွေ ဖျားနာတာတွေ ကင်းဝေးဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှချင်ပါတယ်။

ရေကိုကျိုချက်သောက်သုံးပါ

သန့်စင်ပြီးသားရေ၊ ကျိုချက်ထားတဲ့ရေကိုသာ ကလေးများကိုသောက်သုံးခိုင်းပါ။ မိုးရာသီမှာအဖြစ်အများဆုံးရောဂါကတော့ မသန့်စင်တဲ့ရေကိုသောက်သုံးခြင်းကြောင့် ကလေးများဝမ်းပျက်ဝမ်းလျောရောဂါခံစားရခြင်းပါပဲ။

ပြင်ပမှလှီးဖြတ်ထားပြီးသား သစ်သီးများကိုမစားခိုင်းပါနဲ့

ပြင်ပမှလှီးဖြတ်ထားပြီးသား သစ်သီးများမှာ ယင်နားထားတဲ့အတွက်ကြောင့် ဘက်တီးရီးယားတွေကပ်ငြိနေပါတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့သစ်သီးဝလံများကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီး အိမ်မှာစားသုံးခိုင်းပါ။ ဟင်းသီးဟင်းရွက်များမှာလည်း အညစ်အကြေး၊ ဖုန်မှုန့်နဲ့ အင်းဆက်ပိုးမွှားများကပ်ငြိနေနိုင်တာကြောင့် သန့်စင်စွာဆေးကြောပြီးမှချက်ပြုတ်ပေးပါ။

ကလေးများကိုနွေးနွေးထွေးထွေးထားပါ

ကလေးများကို အအေးမိရောဂါမှကာကွယ်ပေးဖို့အတွက် မိုးရေကြောင့်အင်္ကျီတွေစိုစွတ်နေရင်လည်း ချက်ချင်းအဝတ်အစားလဲခိုင်းပါ။ ခြေထောက်တွေလက်တွေကိုလည်း သေချာဆေးကြောခိုင်းပြီး ခြောက်သွေ့အောင်သုတ်ခိုင်းပါ။

လက်ဆေးခိုင်းပါ

အညစ်အကြေးနဲ့ ရောဂါပိုးမွှားများက လက်သည်းကြားထဲမှာ ကပ်ငြိနိုင်တာကြောင့် ကလေးများကိုအမြဲတမ်းလက်ဆေးဖို့လိုအပ်ကြောင်း ဂရုတစိုက်သင်ကြားပေးပါ။

ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ အစားအသောက်ကျွေးပါ၊

ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ၊ ဂျင်း၊ ဒိန်ချဉ်၊ ရှောက်သီး၊ သံပုရာသီးစတဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ အစားအသောက်တွေကျွေးခြင်းအားဖြင့် ရောဂါပိုးမွှားများကို ပိုပြီးခံနိုင်ရည်ရှိအောင်ပြုလုပ်ပေးပါ။

ဒါ့အပြင်PediaSure က သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်စေရန် အထောက်အကူပြုပေးနိုင်တာကြောင့်  သင့်ကလေးရဲ့အစားအစာထဲမှာ PediaSure ကို ဖြည့်စွက်စာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

PediaSure မှာကလေးတွေနေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ် (၃၇)မျိုးပါဝင်တာကြောင့် အခုလို ဖျားနာတတ်တဲ့ ရာသီမျိုးမှာ သူတို့လေးတွေရဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဆေးသုတေသနလေ့လာချက်များအရ PediaSure ဟာ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေရုံသာမက သူတို့လေးတွေ အရပ်နဲ့ ကိုယ်အလေးချိန် ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

PediaSure သည် ပရိုတင်း၊ သတ္တုဓာတ်နှင့် ဗီတာမင်များအတွက်US စားသောက်မှုဆိုင်ရာ ညွှန်းဆိုမှုစံ နှုန်းကိုပြည့်မှီအောင် ပေးစွမ်းနိုင်သည့် အသက် ၃ နှစ်မှ ၁၀ နှစ် ကလေးငယ်များ သောက်သုံးနိုင် သော ဖော်စပ်ဖြည့်စွက်စာ ဖြစ်ပါတယ်။