ထမင်းစားပြီးရင် အချိုတည်းစရာတစ်ခုခု မှာနေတယ်၊ စားနေတယ်ဆိုရင် သင်ဟာ သကြားဓာတ် ကို စွဲလမ်းနေတာပါပဲ။

အလုပ်လုပ်နေရင် ကွတ်ကီးတွေ စားမိနေရင်လည်း သကြားဓာတ်ကိုစွဲလမ်းနေတဲ့အထဲမှာ ပါနေပါပြီ။

သကြားဓာတ်က ကိုယ်အလေးချိန်တွေတိုးစေပြီး တခြားကျန်းမာရေး ပြဿနာတွေလည်း အများကြီးရှိပါတယ်။

သကြားကို ဘယ်လိုလျော့ချမလဲ

05_sugar_Reasons-to-Avoid-All-Soda-That-Means-Diet-Too_262465640_Rostislav_Sedlacek-380x254

ပထမဦးဆုံး သကြားပါဝင်မှု များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ သကြားစားသုံးမယ့်အစား အသီးအရွက် ဆလပ်တွေစားတာ၊ ဒိန်ချဉ်စားတာတို့ကို စားသုံးသင့်ပါတယ်။

ထမင်းစားပြီးရင် သကြားပါဝင်တဲ့အစားအစာတွေ မစားသုံးဘဲ ရေနွေးကြမ်းသောက်တာ၊ Green Tea တို့ သောက်သင့်ပါတယ်။

Japanese Green Tea

သင့်အိမ်မှာလည်း သကြားပါဝင်တဲ့ အချိုတည်း အစားအစာတွေ မဝယ်ထားပါနဲ့။

အလုပ်မှာလည်း တတ်နိုင်သမျှ မွေးနေ့ပွဲတွေ နဲ့တခြား အခမ်းအနားတွေကို မသွားဖြစ်အောင် ရှောင်ပါ။ အဲ့လိုပွဲတွေမှာ သကြားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေအများကြီးစားသုံးမိပါလိမ့်မယ်။

အလုပ်ချိန်မှာလည်း သူငယ်ချင်းတွေနဲ့အတူ ကော်ဖီဆိုင်ထိုင်မယ့်အစား ပန်းခြံထဲမှာ အညောင်းပြေအညာပြေ လမ်းလျှောက်တာမျိုးနဲ့တခြား တစ်ခုခု အာရုံလွဲပြောင်းပါ။

08-vision-boosters-walking

သကြားဓာတ်ကို လျော့ချနေချိန် အပြောင်းအလဲဖြစ်အောင် မလျော့ချခင်က ကိုယ့်ရုပ်ကို ဓာတ်ပုံ ရိုက်ထားပါ။ သကြားတွေကို ရှောင်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာမှာ မျက်နှာတွေဖောင်းတာနဲ့ကိုယ်အလေးချိန်တွေ ကျဆင်းသွားပါလိမ့်မယ်။