သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ညစာ စားပွဲတွေ ပါတီပွဲတွေ ကျင်းပတဲ့အခါ ဖက်ရှင်မကျတဲ့ ရေသန့်ဘူးအကြီးကြီးတွေကို မေ့ထားလိုက်ပါ။ရေသန့်ဘူးကြီးတွေအစား ဖရဲသီးရေအိုးနဲ့ အစားထိုးလိုက်မယ်ဆိုရင် သင်တို့ရဲ့ပါတီပွဲက ပိုမိုအသက်ဝင်လာမှာဖြစ်ပြီး အမှတ်ရစရာ ပါတီပွဲလေးကို ကျင်းပဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

ဖရဲသီးရေအိုး ပြုလုပ်ဖို့အတွက် ဖရဲသီးအလုံးကြီးကြီးတစ်လုံး၊ ရေပိုက်ခေါင်းတစ်ခု၊ ဓားထက်ထက် တစ်ချောင်း၊ ဇွန်းအရှည်တစ်ချောင်း၊ ပန်းကန်လုံးအလုံးကြီးတစ်လုံးနဲ့ ရေကရားတို့ရှိရင် လုံလောက်ပါပြီ။

အရင်ဦးဆုံး ဖရဲသီးရဲ့အောက်ခြေကို အထိုင်ကျအောင် ညီညီညာညာလေး လှီးဖြတ်ထားလိုက်ပါ။

ထို့နောက် ဖရဲသီးကို အထိုင် ငြိမ် မငြိမ် စမ်းကြည့်လိုက်ပါ။

အထိုင်ကျသွားပြီဆိုရင်တော့ ဖရဲသီးထိပ်ပိုင်းကို အပေါက်ကြီးကြီးဖောက်လိုက်ပါ။

ထို့နောက် ဖရဲသီးအတွင်းရှိ ဖရဲသီးအသားများကို ဇွန်းအရှည်ဖြင့် ခြစ်ထုပ်ပြီးနောက် ပန်းကန်လုံးအကြီးထဲ ထည့်ထားလိုက်ပါ။

ပြီးရင်တော့ ရေပိုက်ခေါင်း ထည့်ဖို့အတွက် ဖရဲသီးရဲ့ အောက်ခြေ မကျတကျလေးမှာ ရေပိုက်ခေါင်းအရွယ်အစားထက် အနည်းငယ်ကြီးအောင် ဖောက်ထားလိုက်ပါ။

ထို့နောက် ရေပိုက်ခေါင်းလေး တပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ကတော့ ပန်းကန်လုံးထဲ ခြစ်ထုပ်ထားတဲ့ ဖရဲသီးအသားများကို ဖရဲသီးဖျော်ရည်အဖြစ် ပြောင်းလဲလိုက်ပါ။ (မိမိကြိုက်နှစ်သက်ရာ ဖျော်စပ်နည်းများဖြင့် ဖျော်နိုင်ပါတယ်)

ရရှိလာတဲ့ ဖရဲသီးဖျော်ရည်ကို ဖရဲသီးရေအိုးထဲ လောင်းထည့်ပေးလိုက်ရုံပါပဲ။

ပါတီအချိန်အခါ ကျပြီဆိုတော့မှ ရေခဲတုံး ထည့်ထားသော ခွက်လေးထဲ အဆင်သင့်ထည့်သောက်လိုက်ရုံပါပဲ။

Source: Thespruceeats.com