ရှားစောင်းလက်ပတ်ဖျော်ရည်က အရွယ်တင်နုပျိုစေပြီး၊ ဝမ်းချုပ်တာ၊ အစာအိမ်ဆိုင်ရာ ရောဂါတွေ၊ မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးတာနဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ရှားစောင်းလက်ပတ်မှာ ဗီတာမင် B, C , E ၊ အမိုင်နိုအက်ဆစ်၊ Beta-Carotene ဓာတ်နဲ့ တခြားသော သတ္တုဓာတ်နဲ့အင်ဇိုင်းဓာတ်တို့ ပါဝင်ပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှာပေးနိုင်ရုံသာမက နှလုံးကျန်းမာရေး၊ အစာခြေစနစ်တို့ကို အားကောင်းစေပြီး သွေးအတွင်း အချိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်နဲ့ သံပုရာသီးဖျော်ရည်

ရှားစောင်းလက်ပတ်အရွက်ကို ခွာလိုက်ပါ။ ပြီးရင် ဓားနဲ့ အနှစ်တွေကို ခြစ်ထုတ်ပြီး ခွက်တစ်ခွက်ထဲထည့်ထားပါ။

ပါဝင်ပစ္စည်းများ

ရှားစောင်းလက်ပတ် ခွက် ၁ခွက်ရဲ့ တစ်ဝက်စာ

သံပုရာသီး ၁ လုံး

ရေ ၂ ခွက်စာ

ပြုလုပ်နည်း

ရှားစောင်းလက်ပတ်ကို ဖျော်စက်ထဲထည့်လိုက်ပါ။

ရေ ၂ ခွက်ကို ထည့်ပါ။

သံပုရာသီး ၁လုံးလုံးကို ညှစ်ထည့်ပါ။

အဖုံးပိတ်ပြီး ဖျော်စက်နဲ့ အားပြင်းပြင်းနဲ့ မွှေလိုက်ပါ။

သေချာ ကြေပြီး နှံ့သွားပြီဆိုရင် အဝတ်ချည်စတစ်စကို ယူပြီး ခွက်တစ်ခွက်ရဲ့ အဝမှာထားလိုက်ပါ။ ပြီးရင် အဲ့ဒီ ပိတ်စပေါ်ကို ရှားစောင်းလက်ပတ်တွေ လောင်းချပါ။

ဒါဆိုရင် အဖတ်တွေစစ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကျန်ခဲ့တဲ့ အရည်တွေကို လေလုံပုလင်းထဲထည့်လိုက်ပါ။

မနက်မိုးလင်း၊ ဗိုက်ထဲမှာ ဘာအစားအစာမှ မရှိခင်မှာ သောက်ပေးပါ။ ဒီလို ဖျော်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရင် ၃ ရက်လောက် အထားခံပါတယ်။